ဧရာဝတီဘဏ်၏ (၂၀၁၆-၁၇)ဘဏ္ဍာရေးနှစ်အတွက် ပထမသုံးလပတ်အစည်းအဝေးအား ဧရာဝတီဘဏ်(ရုံးချုပ်) ၌ကျင်းပခဲ့ခြင်း

13669784_1049006608514979_366513139528831363_n

27 Jul ဧရာဝတီဘဏ်၏ (၂၀၁၆-၁၇)ဘဏ္ဍာရေးနှစ်အတွက် ပထမသုံးလပတ်အစည်းအဝေးအား ဧရာဝတီဘဏ်(ရုံးချုပ်) ၌ကျင်းပခဲ့ခြင်း

13680928_1048976908517949_1249554901671561755_n13697213_1048105191938454_6958627785266384096_n13669784_1049006608514979_366513139528831363_n

ဧရာဝတီဘဏ်၏ (၂၀၁၆-၁၇) ဘဏ္ဍာရေးနှစ်အတွက် ပထမသုံးလပတ်အစည်းအဝေးအား ဧရာဝတီ ဘဏ်ရုံးချုပ်(Rowe)ခန်းမ ၌ ဇူလိုင်လ (၁၄)ရက်နှင့် (၁၅)ရက်နေ့များတွင် နံနက်(၈းဝ၀ နာရီမှ ညနေ ၁၉းဝ၀ နာရီထိ) ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဋ္ဌဦးဇော်ဇော်မှ အဖွင့်အမှာစကားဖြင့် ကြိုဆို နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ပြင်ပအမှုဆောင်ဒါရိုက်တာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ မြန်မာ နိုင်ငံရှိဘဏ်အားလုံးအနက် ဧရာဝတီဘဏ်အား အကောင်းဆုံးဘဏ်တစ်ခုဖြစ်စေရန်အတွက် ဝန်ထမ်းများမှ မိမိတို့အတွေးအခေါ်အယူအဆများကို ပြောင်းလဲခြင်းဖြင့် တိုးတက်အောင် ဆောင်ရွက်ကြရန်သာမက ဆန်းသစ်သည့် အတွေးအခေါ် အယူအဆများကိုလည်း လက်ခံကျင့်သုံးကြရန် မှာကြားခဲ့သည်။ အစည်းအဝေး တွင် အမှုဆောင်ဒါရိုက်တာများ၊ ပြင်ပအမှုဆောင်ဒါရိုက်တာများ၊ Top Management များ၊ တိုင်းဒေသကြီး တာဝန်ခံများ၊ ဘဏ်ခွဲမန်နေဂျာများနှင့် ဌာနအလိုက် တာဝန်ရှိသူများအသီးသီးမှ တက်ကြွစွာပါဝင်တက် ရောက်ခဲ့ကြပြီး လာမည့်နှစ်အတွက် ဧရာဝတီဘဏ်၏ အနာဂတ်အတွက်စီမံကိန်းများ ၊ target နှင့် ခြိမ်းခြောက်မှုများကို အဓိကထားကာ အားတက်သရော ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း ဌာနအလိုက် ၄င်းတို့ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကိုလည်း Presentation များ ဖြင့်ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဥက္ကဋ္ဌဦးဇော်ဇော်မှ (၂၀၁၅-၂၀၁၆)ခုနှစ်အတွက် အကောင်းဆုံးဘဏ်ခွဲဆုကိုချီးမြှင့်ရာ လပွတ္တာဘဏ်ခွဲမှ ဘဏ်ခွဲတာဝန်ခံ ဦးကိုကိုပိုင်သော်မှ လက်ခံရယူခဲ့သည်။ အစည်းအဝေးအတွက် နိဂုံးချုပ်အမှာစကားအား ဧရာဝတီဘဏ်၏ Acting MD Mr. David Wang မှ ပြောကြားခဲ့ပြီး အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အစည်းအဝေး တက်ရောက်သူများ အားလုံးအား ကန်တော်မင်ရွှေဘဲစားတော်ဆက်၌ ညနေစာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။