ဧရာဝတီဘဏ်၏ AYA Universal ငွေပေးချေကဒ်များ မိတ်ဆက်ခြင်း

13879475_1057855537630086_2720555510530864519_n

28 Jul ဧရာဝတီဘဏ်၏ AYA Universal ငွေပေးချေကဒ်များ မိတ်ဆက်ခြင်း

13886867_1057854807630159_5393092519136811040_n13880166_1057855150963458_7445177133542285029_n13879475_1057855537630086_2720555510530864519_n

ဧရာဝတီဘဏ်၊ Union Pay International (UPI) နှင့် Myanmar Payment Union(MPU) တို့ချိတ်ဆက်ပူးပေါင်း၍ international co-brand debit နှင့် credit အသစ်များအား မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့မွန်းလွဲ (၂းဝ၀ နာရီ မှ ၄းဝ၀ နာရီအထိ) ဧရာဝတီဘဏ်လီမိတက်ရုံးချုပ် (ဆူးလေ)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ AYA Universal ကဒ်ကိုင်ဆောင်သူများသည် မြန်မာပြည်တွင်း Union Pay သာမက ယခုဆိုလျှင်နိုင်ငံပေါင်း ၁၆၀ ကျော်၌ Union Pay ၏ ကမ္ဘာ့ငွေပေးချေမှု network မှတဆင့် AYA Universal ကဒ်ဖြင့် လွယ်ကူစွာငွေပေးချေမှုများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကဒ်များကိုကိုင်ဆောင်သူများအား “The World is Yours” ဆိုသော theme ဖြင့် မိတ်ဆက်ခဲ့ပြီး ကဒ်ကိုင်ဆောင်သူများအနေဖြင့် ပြည်တွင်းသာမက ပြည်ပတွင်လညး် discount များနှင့် အခြားသောအခွင့်အရေးများကိုပါ ရရှိမည်ဖြစ်သည်။
ငွေပေးချေအကြွေးကဒ်ပြားများအား Platinum, Gold နှင့် Silver ဟူ၍ သတ်မှတ်ထားပါသည်။ လစဉ်ပုံမှန်ဝင်ငွေ ကျပ် (၁၅၀,ဝ၀ဝ) နှင့်အထက်ရရှိသူမည်သူမဆို အပ်ငွေပေးသွင်းရန်မလိုအပ်ဘဲ လျှောက်ထားနိုင်ပါသည်။ ဤကဒ်များဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ MPU နှင့်ချိတ်ဆက်ထားသောဆိုင်များနှင့် ATM များသာမကနိုင်ငံပေါင်း (၁၆၀) ကျော်တွင်ရှိသော Union Pay’s network နှင့်ချိတ်ဆက်ထားသည့် POS များနှင့် ATM များတွင်ပါ ငွေပေးချေထုတ်ယူမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ချိတ်ဆက်ထားသော မိတ်ဖက်ဆိုင်များမှာ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ supermarket များ၊ ဆီဆိုင်များ၊ ခရီးသွားဝန်ဆောင်မှုကိုယ်စားလှယ်များ၊ ဆေးရုံ၊ ကျောင်း၊ ဆေးခန်းနှင့် ဟိုတယ်အစရှိသည်များပါဝင်သည်ဟု ဘဏ်၏ Care & Payment Services ဌာနမှူးဒေါ်နန်းစောခမ်းဖြူ၏ ပြောပြချက်အရသိရပါသည်။
ဤကဒ်များ၏အကျိုးကျေးဇူးများမှာ ငွေပေးချေသည့်အခါတွင် ငွေသားကိုင်ဆောင်ရန်မလိုအပ်ဘဲ အလွယ်တကူငွေပေးချေနိုင်ပြီး၊ မိတ်ဖက်ဆိုင်များမှသတ်မှတ်ထားသော discount အစရှိသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့်တိုးတက်နေသည့်အလျောက် တိုင်းပြည်၏တိုးတက်ပြောင်းလဲမှုကို အထောက်အပံဖြစ်စေရန် ဧရာဝတီဘဏ်အနေဖြင့် ဘဏ်ဝန်ဆောင်မှုသုံးစွဲသူတို့၏ တိုးတက်လာသော လူနေမှုအဆင့်အတန်းနှင့်အညီ အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ယခင်ကနိုင်ငံခြားငွေပေးချေမှုကဒ်အဖြစ် Prepaid ကဒ်များသာရှိခဲ့ပြီး ကဒ်ကိုင်ဆောင်သူများအနေဖြင့် ကိုယ်နှင့်သင့်တော်သော ကဒ်များကိုရွေးချယ်အသုံးပြုနိုင်ပြီ ဖြစ်သည်ဟု ဘဏ်၏ဒါရိုက်တာ ဦး Colin, သူရမောင်က ပြောကြားခဲ့ပါသည်။