ဧရာဝတီဘဏ်၏ AYA Universal JCB-MPU co-brand ကဒ်များမိတ်ဆက်ခြင်း။

14068242_1275786369128713_6263554841794218384_n

17 Aug ဧရာဝတီဘဏ်၏ AYA Universal JCB-MPU co-brand ကဒ်များမိတ်ဆက်ခြင်း။

14068242_1275786369128713_6263554841794218384_n13932776_1275229949184355_300125914114524514_n13912518_1275786272462056_1896614177327850670_n 13912715_1275785625795454_7675898455711930737_n14045884_1275784829128867_1233352357879646175_n13925141_1275785859128764_3064592163658654256_n

                  ဧရာဝတီဘဏ်၊ Japan Credit Bureau (JCB) နှင့် Myanmar Payment Union(MPU)တို့ ချိတ်ဆက်ပူးပေါင်း၍ international co-brand debit နှင့် credit ကဒ်အသစ်များ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် (၁၁းဝ၀ နာရီ မှ ၁၃းဝ၀) နာရီအထိ Novotel Yangon Max Hotel (Pyay Ballroom) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ AYA Universal MPU-JCB ကဒ် ကိုင်ဆောင်သူများအနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ MPU နှင့် ချိတ်ဆက်ထားသော မိတ်ဖက်ဆိုင်များသာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ JCB ငွေပေးချေမှု network နှင့် ချိတ်ဆက်ထားသည့် POS (၃၁) သန်းကျော်တွင် ငွေပေးချေမှုများ လွယ်ကူစွာဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
AYA Universal JCB ကဒ်များကို Universal Platinum credit card, Universal Gold credit card, Universal Silver credit card နှင့် Universal debit card ဟူ၍ ထုတ်လုပ် သွားမည် ဖြစ်ပြီး လစဉ်ပုံမှန်ဝင်ငွေ ကျပ် (၁၅၀,ဝ၀ဝ) နှင့် အထက်ရရှိသော မည်သူမဆို အပ်ငွေပေးသွင်းရန် မလိုအပ်ဘဲ လျှောက်ထားနိုင်ပါသည်။ ဤကဒ်များဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ MPU နှင့်ချိတ်ဆက် ထားသော မိတ်ဖက်ဆိုင်များ၊ ATM များသာမက ကမ္ဘာတစ်ဝှမ်း၌ရှိသည့် JCB merchants များ၌ JCB ၏ discount အခွင့်အရေးများအပြင် free JCB airport lounge service, JCB Platinum Concierge Desk and Platinum Hotel Services အစရှိသော အထူးအခွင့်အရေးများပါ ရရှိနိုင်မည်ဖြစ်ပါသည်။ ဧရာဝတီဘဏ်အနေဖြင့် ဘဏ်၏ကဒ်သုံးစွဲသူများအား ပိုမိုကောင်းမွန်၍ အရည်အသွေးပြည့်ဝ သောဝန်ဆောင်မှုကိုပေးနိုင်ရန် အစဉ်ကြိုးပမ်းလျှက်ရှိရာ ယခုကဲ့သို့ co-brand ကဒ်များ ထုတ်လုပ်ခြင်းအားဖြင့် ကဒ်ကိုင်ဆောင်သူများသည် မိမိနှင့်သင့်တော်သည့် ကဒ်များကို ရွေးချယ်နိုင် ပြီဖြစ်သည်။ JCB co-brand ကဒ်များအား ပထမ ဦးဆုံးအကြိမ် ထုတ်လုပ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ငွေပေးချေမှုဈေးကွက်၌ မှတ်ကျောက်တင်နိုင်ခြင်း အထိမ်းအမှတ်တစ်ခုဖြစ်သည်ဟု ဧရာဝတီဘဏ်၏ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ပြောကြားသွားပါသည်။