ဧရာဝတီဘဏ် နှင့် Myanmar Imperial College(MIC) တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာရေးအတွက် Education Loan ဝန်ဆောင်မှု ပေးအပ်ခြင်း

img_0942

09 Nov ဧရာဝတီဘဏ် နှင့် Myanmar Imperial College(MIC) တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာရေးအတွက် Education Loan ဝန်ဆောင်မှု ပေးအပ်ခြင်း

img_0942 img_0930 img_0911

ဧရာဝတီဘဏ်သည် ပြည်တွင်း၊ ပြည်ပရှိ ဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများတွင် ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် AYA Education Loan ဝန်ဆောင်မှုကို မကြာသေးမီက စတင် မိတ်ဆက်ပေးခဲ့ ပါသည်။ ဤအစီအစဉ်အရ ဧရာဝတီဘဏ်သည် Myanmar Imperial College (MIC)နှင့် ပူးပေါင်း၍ Education Loan ဝန်ဆောင်မှု ပေးအပ်ခြင်းအတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် နံနက် (၁၀) နာရီ မှ (၁၁)နာရီခွဲထိ ဧရာဝတီဘဏ်(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။
Myanmar Imperial College (MIC) သည် မြန်မာနိုင်ငံရှိ စီးပွားရေးဆိုင်ရာ သင်တန်းကျောင်းကြီးများထဲတွင် ဂုဏ်သတင်းကျော်ကြားစွာဖြင့် မားမားမတ်မတ်ရပ်တည်လျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့နှင့် ဘွဲ့လွန်သင်တန်း များကို သင်ကြားပို့ချလျှက်ရှိသော ကျောင်းတစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သည့် Education Loan ဝန်ဆောင်မှုဖြင့် ကျောင်းသားများသည် အတိုးနှုန်းသက်သာ၍ လွယ်ကူအဆင်ပြေစေသော လစဉ်ပုံသေ အရစ်ကျ ပေးချေစနစ်ဖြင့် မိမိစိတ်အားထက်သန်သည့် ဘာသာရပ်များအား ဆက်လက်သင်ကြားနိုင်မည် ဖြစ်ပါသည်။
ဧရာဝတီဘဏ်၏ Education Loan အား အသက် (၁၈)နှစ်နှင့် အထက်၊ ကိုယ်ပိုင်ဝင်ငွေရှိသူမည်သူမဆို လျှောက်ထားနိုင်ပြီး အသက် (၁၈)နှစ်အောက် (သို့) ဝင်ငွေသတ်မှတ်ချက် မပြည့်မီပါက မိသားစုဝင်တစ်ဦး၏ ဝင်ငွေနှင့် အတူ ပူးတွဲလျှောက်ထားနိုင်ပါသည်။ Education Loan အစီအစဉ်အရ သင်တန်းကြေး၏ အများဆုံး (၈၀%) အထိ financing ချေးယူနိုင်ပြီး monthly installment plan ဖြင့် သင်တန်းပြီးဆုံးသည်အထိ ပြန်လည်ပေးဆပ်နိုင်ပါသည်။ သင့်တင့်သော အတိုးနှုန်းဖြင့် လစဉ်ပြန်လည်ပေးဆပ်နိုင်ရန် တစ်နှစ်လျှင် (၁၃%) (Amortization Method)  ဖြင့် တွက်ယူထားပြီး သင်တန်းကာလအပေါ်မူတည်၍ ပြန်လည်ပေးဆပ်မှုအချိန်ကာလ အများဆုံး (၅)နှစ်အထိ ရရှိနိုင် မည်ဖြစ်ပါသည်။
အဆိုပါ အချက်အလက်များနှင့် ပြည့်စုံပါလျှင် Myanmar Imperial College (MIC) အပါအဝင် ဧရာဝတီဘဏ် နှင့်် ချိတ်ဆက်ထားသော မြန်မာနိုင်ငံရှိ ထိပ်တန်းနာမည်ကြီးကျောင်း (၄)ကျောင်းတွင် AYA Education Loan အား လျှောက်ထားနိုင်ပါသည်။ ချေးငွေလျှောက်ထားမှု စိစစ်ခြင်းသည် အလုပ်လုပ်ချိန်(၄)ရက်အတွင်း ပြီးမြောက်မည်ဖြစ်ပြီး ချေးငွေအတည်ပြုချက် ရရှိပြီးပါက  လျှောက်ထားသူသည် အနည်းဆုံး ကနဦးပေးသွင်းငွေ (၂၀%)ကို ပေးချေ၍ ကျောင်းစတင် တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ကဒ်နှင့် ငွေပေးချေမှုအဆင်ပြေစေရန်အတွက်လည်း ကျောင်းများတွင် POS စက်များတပ်ဆင်ပေးထားပါသည်။
ဧရာဝတီဘဏ်အနေဖြင့် ပညာသင်ကြားရေး ချေးငွေအထောက်အပံ့မှု အစီအစဉ်များကို ပုဂ္ဂလိကပညာရေးကဏ္ဍ အတွက် ဆောင်ရွက်ပေးခြင်း၊ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများလိုအပ်ချက်များပြားလာမှုကို ဖြည့်ဆည်း ပေးရန် ရည်ရွယ်၍ ပညာသင်ကြားရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံးအတွက် ရည်ရွယ်၍ Education Loan အား ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။