About Us in Brief

 

ဧရာဝတီဘဏ်အကြောင်း

ဧရာဝတီဘဏ်သည် (၂၀၁၀) ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တွင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှရရှိခဲ့ပြီး (၂၀၁၀) ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား စတင်ခဲ့ပါသည်။ ဧရာဝတီဘဏ်သည် ပြည်တွင်းဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တစ်ခု အနေနှင့်လုပ်ဆောင်ရန် တရားဝင်ခွင့်ပြုခြင်းခံထားရပြီး လုပ်ကိုင်ရန်ခွင့်ပြုထားသော ဘဏ်လုပ်ငန်းဆိုင်ရာ အောက်ပါလုပ်ငန်းစဉ်များမှာ-
•    ချေးငွေချေးယူခွင့်ပြုခြင်း (သို့) ငွေကြေးမတည်ပေးခြင်း။

•    ယုံကြည်စိတ်ချရမှုရှိခြင်း (သို့) မရှိသော်လည်း ကြိုတင်ငွေထုတ်ချေးပေးခြင်း။
•    လက်ဝတ်ရတနာများအတွက် အာမခံသေတ္တာကဲ့သို့သော စိတ်ချရမှုရှိသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လက်ခံဆောင်ရွက်ပေးနေခြင်း။
•    ငွေကြေးကောက်ခံပေးခြင်း၊ လွှဲပြောင်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လုံခြုံမှုရှိစေရန် ဆောင်ရွက် ပေးခြင်း။
•    နိုင်ငံတကာငွေလွှဲများ၊ ငွေပေးချေမှုများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများပါဝင်သော နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအား          စီစဉ်ထောက်ပံ့ပေးနေခြင်း။

ဧရာဝတီဘဏ်သည် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ဆုံးရှုံးနစ်နာနိုင်မှုများနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာကျင့်သုံးမှုအပိုင်းတို့တွင် ကမ္ဘာ့အဆင့်မီရန် လုပ်ဆောင်လျှက်ရှိပါသည်။ ဘဏ်ကြီး ထွားလာမှုကို ထိန်းသိမ်းထားနိုင်ရန် သေချာသောရေရှည်စီမံကိန်း အနေနှင့်သာမက လူမှုအဖွဲ့အစည်းကို လည်း ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ်သည် ပြည်တွင်းပြည်ပ လုပ်ငန်းအတွေ့အကြုံများ၊ စွမ်းရည် များပေါင်းစပ်ပါဝင်နေပြီး သင်တန်းပေးခြင်းနှင့် နည်းပညာပိုင်းတို့တွင်လည်း အလေးထား၍ ရင်းနှီးမြှုပ်နှံမှုများ ကို ပြုလုပ်လျှက်ရှိပါသည်။

ဧရာဝတီဘဏ်သည် လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ ဖြည်းဖြည်းမှန်မှန် တိုးတက်လာခဲ့ပြီး (၂၀၁၁) ခုနှစ် အောက်တိုဘာလကုန်တွင် ဘဏ်ခွဲ (၈) ခုနှင့် အပ်ငွေအရေအတွက် (၁၆၃) ဘီလီယံအထိ တိုးတက်လာမှုများ ကြောင့် ပုဂ္ဂလိကဘဏ်များအကြားတွင် ယုံကြည်မှုများတိုးမြှင့် ရရှိလာခဲ့သည်။
လာမည့်နှစ်များတွင် မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲသစ်များကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး စီးပွားမိတ်ဖက်များနှင့် ဆက်ဆံရေးပေါ်တွင် အာရုံစိုက်လျှက်ရှိသကဲ့သို့ ၎င်းတို့အပေါ်တွင် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးလျှက်ရှိပြီး စီးပွားမိတ်ဖက်များအနေနှင့် နည်းပညာများကို အသုံးပြုလာစေရန် တွန်းအားပေးမှုများကို ပြုလုပ်လျှက် ရှိသည်။ တစ်ချိန်တည်းမှာပင် ဘဏ်၏တိုးတက်လာမှုများကို ဟန်ချက်ညီညီထိန်းသိမ်းထားနိုင် ရန် အုပ်ချုပ်မှုပိုင်း၊ ဆုံးရှုံးနစ်နာနိုင်ခြေဆိုင်ရာ စီမံခန့်ခွဲမှုများတွင်လည်း  ပိုမိုအားကောင်းလာစေရန် ကြိုးစား လျှက်ရှိပါသည်။