AYA Financial Group မိသားစုဝင်များ၏ သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ဧရာဝတီဘဏ်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့

14718803_1124402917642014_4981382709796801924_n

18 Oct AYA Financial Group မိသားစုဝင်များ၏ သီတင်းကျွတ်ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ဧရာဝတီဘဏ်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့

14666186_1124403964308576_5645795276385217087_n14702361_1124404857641820_1438185299478621749_n14718691_1124402934308679_7918251850025421134_n14718803_1124402917642014_4981382709796801924_n

AYA Financial Group မိသားစုဝင်များ၏ သီတင်းကျွတ် ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ဧရာဝတီဘဏ်(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၉:ဝ၀)နာရီတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကန်တော့ခံ သက်ကြီးဝါကြီး လူကြီးသူမများအား AYA Financial Group ဥက္ကဌ ဦးဇော်ဇော်နှင့် ဝန်ထမ်းများမှ ဦးစွာပထမ ရိုသေစွာ လက်စုံမိုး၍ ကန်တော့ကြရာ ကန်တော့ခံပုဂ္ဂိုလ်ဖြစ်သူ အုပ်ချုပ်မှုအဖွဲ့ဝင် များဖြစ်ကြသည့် ပြင်ပ အမှုဆောင်ဒါရိုက်တာ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက် နှင့် အမှုဆောင်ဒါရိုက်တာ ဦးသန်းဇော်တို့မှ ဆုံးမသြဝါဒ ပြောကြားခဲ့သည်။ ဆက်လက်၍ AYA Financial Group ၏ အရာထမ်း၊ အမှုထမ်းအပါအဝင် ဝန်ထမ်းအားလုံးမှ AYA Financial Group ဥက္ကဌနှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ကန်တော့ခံပုဂ္ဂိုလ်များအား ညီညာဖျဖျကန်တော့ချိုး ရွတ်ဆိုကာ ဂါရဝပြု လက်ဆောင်များဖြင့် ရိုသေစွာ ကန်တော့ခဲ့ကြရာ ဧရာဝတီဘဏ် ဥက္ကဌဦးဇော်ဇော်မှ သီတင်းကျွတ်အခါသမယတွင် ဝန်ထမ်းများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပါစေကြောင်းနှင့် AYA Financial Group အနေဖြင့်တစ်ဦးတစ်ယောက်တည်း ကောင်းဖို့ထက် အဖွဲ့အစည်းတစ်ခုလုံးကောင်းမှ လုပ်ငန်းအောင်မြင်မည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှနိုင်ငံလည်းတိုးတက်မည်ဖြစ်ကြောင်း သီတင်းကျွတ်ဆုမွန်ကောင်း စကား ပြောကြားခဲ့ပါသည်။