Ayeyarwady Foundation မှ ညောင်တုန်းနှင့် ပန်းတနော်မြို့ရှိ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း။

13900282_1494027627289903_3137095177859510515_n

08 Aug Ayeyarwady Foundation မှ ညောင်တုန်းနှင့် ပန်းတနော်မြို့ရှိ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း။

13900282_1494027627289903_3137095177859510515_n13900091_1494017590624240_2790784903142868252_n13882363_1494791627213503_8333282435271922092_n13887043_1494027917289874_6225451318638649625_n13903179_1494027827289883_6188898476909778860_n13903410_1494791943880138_1649917369810515943_n

          ဦးဇော်ဇော်နှင့်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့၌  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့်အစိုးရအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် ကနဦးလှူဒါန်းမှု အဖြစ် ငွေကျပ်သိန်း (၅၀ဝ)၊ ဆန်အိတ် (၂,ဝ၀ဝ)၊ ဆီပိဿာချိန် (၁၀,ဝ၀ဝ)နှင့် ရေဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ပီနံအိတ်ခွံများကို တာဝန်ရှိသူများနှင့်ညှိနှိုင်းလှူဒါန်းပေးလျက် ရှိသည်။ သြဂုတ် လ(၆)ရက်နေ့နှင့်(၇)ရက်နေ့များကလည်း ပဲခူးတိုင်းဒေသကြီး အောင်လံမြို့နှင့်ဧရာဝတီတိုင်းဒေသကြီးဇလွန်မြို့တို့တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ မုန့်ခြောက် အစရှိသည့် စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပြီး ရေဘေးကြိုတင်ကာကွယ်ရန် ပီနံအိတ်ခွံများကိုပါ လှူဒါန်းခဲ့ကြသည်။ သြဂုတ်လ(၈)ရက်နေ့တွင် ညောင်တုန်း၊ ပန်းတနော် စသည့်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ညောင်တုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နံနက်ပိုင်းတွင် အဖွဲ့ခွဲများစေလွှတ်၍ ညောင်တုန်းမြို့သို့ရောက်ရှိနေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်သည့် အစိုးရအဖွဲ့နှင့်အတူ ကယ်ဆယ်ရေးစခန်းများ သို့လိုက်ပါကာ ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများလုပ်ခဲ့ပါသည်။ ဆက်လက်ပြီးပန်းတနော်မြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက်လည်း လိုအပ်သည့်စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီပေးခဲ့သည်။