Ayeyarwady Foundation မှ ပဲခူး ၊ တိုက်ကြီး၊ အဖျောက် နှင့် သာယာဝတီမြို့များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

13902806_1495080763851256_5697980463296366807_n

15 Aug Ayeyarwady Foundation မှ ပဲခူး ၊ တိုက်ကြီး၊ အဖျောက် နှင့် သာယာဝတီမြို့များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

13873000_1495201833839149_1691851420682079410_n13902806_1495080763851256_5697980463296366807_n13962742_1495081137184552_4164201197074195587_n

ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့ သွားရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အားတွေ့ဆုံကာ ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း (၅၀ဝ)၊ ဆန်အိတ် (၁,ဝ၀ဝ)နှင့် ဆီပိဿာချိန် (၂,ဝ၀ဝ) အစရှိသည့် စားနပ်ရိက္ခာများထောက်ပံ့ကူညီခဲ့ကြသည်။ ဆက်လက်၍ သာယာဝတီမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးခဲ့ကာ အိမ်ထောင်စု (၁၆၀)ကျော်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်သုံးသောင်းစီ၊ ဆန်၊ ဆီ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ကူညီခဲ့ကြသည်။ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့ သားများသည် ထိုနေ့နံနက်ပိုင်းမှစတင်ပြီး တိုက်ကြီး၊ အဖျောက် အစရှိသည့်ဒေသများမှ ရေဘေးသင့် ပြည်သူများအတွက် ဒေသခံလူမှုအသင်းအဖွွဲ့များနှင့် ပူးပေါင်း၍ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြ သည်။ ဆန်၊ ဆီ၊ သောက်ရေသန့်နှင့်အလှူငွေများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ ကြပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးများကို အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိသည်။ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများသည် ထိုနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း ရေနှစ်မြုပ်ဒေသ အချို့သို့သွားရောက်ပြီး ဆန်၊ ဆီ၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ကူညီခဲ့ကြသည်။