Ayeyarwady Foundation မှ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ရေကြည် ၊ ငသိုင်းချောင်းဒေသ၊ အသုတ်ဒေသ များနှင့်ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

13895554_1499676986724967_4273641171386334371_n

17 Aug Ayeyarwady Foundation မှ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ရေကြည် ၊ ငသိုင်းချောင်းဒေသ၊ အသုတ်ဒေသ များနှင့်ကျုံပျော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း။

13895554_1499676986724967_4273641171386334371_n13900175_1499677370058262_8588467861106679072_n13962554_1502978769728122_1236891525083748548_n 14021677_1499676710058328_7992120846235368311_n14034822_1499677826724883_4449624755214099254_n14054983_1502979436394722_7792080742048521952_n

                  ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၂၀ဝ)၊ ဆီပိသာ (၅၀ဝ)၊ ရေသန့်ကဒ် (၁၀ဝ)၊ ခေါက်ဆွဲခြောက်နှင့်ပစ္စည်းအမျိုး (၂၀)ပါ ရေဘေးထောက်ပံ့ရေးပစ္စည်းပုံးများ ကို သွားရောက် ကူညီထောက်ပံ့ခဲ့ကြသည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ အစရှိသည့်ဒေသများသို့လည်းသွားရောက်ပြီး ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ပစ္စည်းစုံပါပုံးများကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြသည်။ ထိုခရီး စဉ်တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိသော နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံကာ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောက်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားများသည် ပြီးခဲ့သည့်သြဂုတ်လ(၉)ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်းရှိ ရေကြည်ဒေသ၊ ငသိုင်းချောင်းဒေသ၊ အသုတ်ဒေသ များနှင့်ကျုံပျော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ထောက်ပံ့ရေး များ နေ့စဉ်လုပ်ဆောင်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် ဆန်၊ ဆီ၊ ရေသန့်အစရှိသည့် စားနပ်ရိက္ခာများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျသွား ရောက်ကူညီထောက်ပံ့ပေးခဲ့ကြသည်။
သြဂုတ်လ(၁၄)ရက်နေ့တွင်လည်း ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း (၅၀ဝ) အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြသည်။