Better Future Better Myanmar 2016 ၏ (၁၁) ကြိမ်မြောက် စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲအား နေပြည်တော်တွင်ကျင်းပခဲ့။

14369974_1104789246270048_4969994801123257224_n

28 Sep Better Future Better Myanmar 2016 ၏ (၁၁) ကြိမ်မြောက် စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲအား နေပြည်တော်တွင်ကျင်းပခဲ့။

14462886_1104789336270039_4343002907350214654_n14369974_1104789246270048_4969994801123257224_n14368860_1097906183625021_7855051348062256346_n

AYA Financial Group မှ Diamond Sponsored အဖြစ်ပါဝင်ခဲ့ပြီး Hub Myanmar Company Limited မှ ကြီးမှူးကျင်းပလျက်ရှိသော Better Future Better Myanmar 2016 စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ (၁၁) ကြိမ်မြောက်ဟောပြောပွဲအား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိ Excel Capital Hotel ၌ နံနက် (၉းဝ၀)နာရီ မှ နေ့လည် (၃း၃၀) နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင်ဦးစွာပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ “Sustainable Development Goals” ခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးပို့ချခဲ့ပြီးနောက် ဆက်လက်၍ UMFCCI ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် United Nations Global Compact Network Myanmar ၏ အတွင်းရေးမှူးဒေါက်တာထက်ဇံလင်းတို့မှ “Act Globally Engage Locally ” ခေါင်းစဉ်အား အပြန်အလှန် ဆွေးနွေးတင်ဆက်ခဲ့ကြသည်။ နေ့လည်ပိုင်းတွင် Device Business Management Academy ၏ Principal ဖြစ်သူ ဦးတင်ဇံကျော်မှ “Shaping Sustainable Future” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် Myanmar Business Coalition on AID ၏ Founder and Executive Director ဖြစ်သူ U Martin Pun မှ “Corporate Responsibility” ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းအား ဦးဆောင်ဆွေးနွေးရာတွင် ဧရာဝတီဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မေမြတ်သူ၊ ဒေါ်မေယဉ်(Managing Director, New Star Light Construction Co., Ltd)၊ ဒေါက်တာစန္ဒာထွန်း (Managing Director, Shwe Taung Group of Companies)၊ ဒေါ်လွင်လွင်ငြိမ်းချမ်း(Director, MIT Pte. Ltd)နှင့် ဒေါ်ဝင်းဝင်းတင့်(Managing Director, City Mart Holding Co., Ltd.)တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။ တက်ရောက်လာသူများအတွက် စိတ်ပါဝင်စားမှုများ၊ အသိအမြင်ဗဟုသုတရဖွယ်ရာများနှင့် ဘဝခွန်အားဖြစ်စရာအယူအဆများကို အဆိုပါဆွေးနွေးပွဲများမှတစ်ဆင့် ရရှိခဲ့ကြသည်။