Corporate Governance

လုပ်ငန်းတာဝန်သတ်မှတ်ချက်

ဘဏ်နှင့်ဆက်စပ်ပတ်သက်သူအားလုံးအတွက် ရေရှည်ခိုင်မာသောနှင့် ဖွံ့ဖြိုးတိုးတက်မှုကောင်းသော ဝန်ဆောင်ခြင်းများဖြင့် ဝန်ဆောင်ပေးကာ မြန်မာနိုင်ငံ၏ ဦးဆောင်ဘဏ်အဖြစ် အသိအမှတ်ပြုမှု ရရှိစေရမည်။

ရည်ရွယ်ချက်

ဝန်ဆောင်မှုကောင်းခြင်း၊ ရေရှည်ခိုင်မာခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိဘဏ်များအနက် အကောင်းဆုံး အဖြစ်ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

စုပေါင်းလုပ်ငန်း၏စံနှုန်းများ

  • မိမိရည်မှန်းချက်များထမြောက်အောင် အကောင်းဆုံးလုပ်ဆောင်သည်။
  • စုပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်သည်။
  • ကြံစည်မှု၊ လုပ်ဆောင်မှုအားလုံးကို ရိုးသားမှုအခြေခံဖြင့်ဆောင်ရွက်သည်။
  • ပြုမူပြောဆိုလုပ်ကိုင်မှုအားလုံးတွင် ရိုးသားဖြောင့်မတ်ခြင်းဖြင့် ထိန်းသိမ်းဆောင်ရွက်သည်။
  • မိမိတို့ဘဏ်၏စီးပွားမိတ်ဖက်များ၊ မိမိတို့၏လုပ်ဖော်ကိုင်ဖက်များ၊ မိမိတို့အားလာရောက်ဆက်သွယ်သူများကို အလေးထား ဂရုစိုက်မည်။
  • မှန်ကန်စွာဆောင်ရွက်ခြင်း၊ စိတ်ချရခြင်းနှင့် သစ္စာရှိခြင်းစသော အခြေခံကျင့်ဝတ်များ အမြဲနှလုံးသွင်း၍ ဆောင်ရွက်သွားမည်။

စိတ်ချယုံကြည် ဧရာဝတီ

သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် ဘဏ်လုပ်ငန်းများကို ရိုးသားစွာ ဆက်ဆံဆောင်ရွက်ပေးနိုင်သည့်ဘဏ်၊ ယုံကြည်ကိုးစားနိုင်ပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မည့်ဘဏ်ကို ရှာဖွေနေသူများ၊ စီးပွားဖက်များအဖို့ ဧရာဝတီဘဏ်ကိုရွေးချယ်နိုင်ပါသည်။ဧရာဝတီဘဏ်သည် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို နိုင်ငံ၏ ဓလေ့ထုံးစံများအရလည်းကောင်း နိုင်ငံတကာစံနှုန်းများအရ လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနေပါသည်။ ဘဏ်နှင့်ဆက်သွယ်သူများ၏ ဘဏ်လုပ်ငန်း လိုအပ်ချက်များအတွက် ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသော မိတ်ဖက်ဘဏ်အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ထိုကြောင့် ”စိတ်ချယုံကြည် ဧရာဝတီ” ဟုဆိုရခြင်းဖြစ်သည်။