Mission

လုပ်ငန်းတာဝန်

အကောင်းဆုံးလုပ်ဆောင်မှုဖြင့် ဘဏ်အတွက်လည်းကောင်း၊ ဘဏ်နှင့်ဆက်စပ်ပတ်သက်သူ အားလုံး အတွက် လည်းကောင်း၊ ရေရှည်ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေပေးလျှက် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်အဖြစ် အသိအမှတ်ပြုမှု ရရှိစေရမည်။
ဧရာဝတီဘဏ်နှင့် ဘဏ်နှင့်ဆက်စပ်ပတ်သက်သူများအတွက် သာလွန်ကောင်းမှု အရည်အသွေးနှင့် အဓွန့်ရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးလျက် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်အဖြစ် အသိအမှတ်ပြုခံရရန်

အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးထားမှုများ – ကျင့်ဝတ်
  • ကျွန်ုပ်တို့အနေဖြင့် ဘဏ်၏ ရည်မှန်းချက်များ ရရှိစေရန် အကောင်းဆုံး လုပ်ဆောင်သွားမည်။
  • ကျွန်ုပ်တို့အနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တိုးတက်အောင် ဆောင်ရွက်သွားသွားမည်။
  • ကျွန်ုပ်တို့အနေဖြင့် ကြံစည်သမျှ၊ လုပ်ဆောင်မှုမှန်သမျှ ု ရိုးသားမှုအခြေခံ၍ ဆောင်ရွက်သွားမည်။
  • ကျွန်ုပ်တို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်မှုအားလုံးတွင် ရိုးသားဖြောင့်မတ်မှုကို ထိန်းသိမ်းထားရှိမည်။
  • ကျွန်ုပ်တို့အနေဖြင့် ဧရာဝတီဘဏ်၏ စီးပွားမိတ်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများကို လုပ်ကိုင်ဆောင်ရွက်မှုအားလုံးတွင် အလေးထား ဆက်ဆံမည်။
  • ကျွန်ုပ်တို့အနေဖြင့် ဖြောင့်မတ်မှုကို အမြဲနှလုံးသွင်း၍ ဆောင်ရွက်သွားမည်။
ဘဏ်မှပေးသည့် ကတိကဝတ်– စိတ်ချယုံကြည် ဧရာဝတီ

ဘဏ်လုပ်ငန်းပိုင်းတွင် မြန်ဆန်မှု၊ စိတ်ချရမှု၊ ရိုးသားမှု ရှိသော ဘဏ်လုပ်ငန်းကို ရှာဖွေနေသူများအတွက်  ဧရာဝတီဘဏ်သည် ရွေးချယ်စရာဘဏ်တစ်ခု ဖြစ်ပါသည်။ ဧရာဝတီဘဏ်အနေဖြင့် အုပ်ချုပ်မှုနှင့် ဘဏ်လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ပြည်တွင်းရှိ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာစံနှုန်းများနှင့်ပါ ဟန်ချက်ညီအောင် ထိန်းညှိပြီး လူတစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် လူကြီးမင်းတို့၏ ရေရှည် ဘဏ်လုပ်ငန်းလိုအပ်မှုများအတွက် ဧရာဝတီဘဏ်သည် “စိတ်ချယုံကြည် ဧရာဝတီ” ဆောင်ပုဒ်နှင့်အညီ အဖော်မွန်ဘဏ်ပင်ဖြစ်ပါသည်။