Profile of Directors and Senior Management

ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများနှင့် ခေါင်းဆောင်ပိုင်းဆိုင်ရာ စီမံခန့်ခွဲသူများ၏ အတ္တုပ္ပတ္တိအကျဉ်း
U-Zaw-Zaw

ဦးဇော်ဇော် မြန်မာ ၊ အသက်(၄၆) နှစ် တည်ထောင်သူနှင့်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဦးဇော်ဇော်သည် ဧရာဝတီဘဏ်အား တည်ထောင်သူဖြစ်ပြီး ဘဏ်စတင်ဖွင့်လှစ်သည့် ၂၀၁၀ ခုနှစ်မှစ၍ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူလျက်ရှိပါသည်။ သူသည် စီမံအုပ်ချုပ်မှု အတွေ့အကြုံ အနှစ် (၂၀)ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ၏ထင်ရှားသော စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် ဘွဲ့ရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မက်(စ်)မြန်မာ ကုမ္ပဏီ (ယခု မက်(စ်)မြန်မာကုမ္ပဏီများအုပ်စု)အား ဦးဆောင်လုပ်ကိုင်ခဲ့သည်။ ဦးဇော်ဇော်သည် မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ၂၀ဝ၅ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ လိုအပ်သူများအား ပံ့ပိုးကူညီခြင်းတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူဖြစ်ပါသည်။ သူသည် ဧရာဝတီဖောင်ဒေးရှင်းမှတဆင့် အမျိုးမျိူးသော ပရဟိတလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခြင်း၊ လူမှုရေးအကျိုးပြုလှုပ်ရှားမှုအစီအစဉ်များစွာ၌ ပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပံ့ပိုးကူညီနေသူဖြစ်ပါသည်။

Daw-Htay-Htay-Khine

ဒေါ်ဌေးဌေးခိုင် မြန်မာ ၊ အသက်(၄၃) နှစ် ပူးတွဲတည်ထောင်သူနှင့်ဒု- ဥက္ကဌ ဒေါ်ဌေးဌေးခိုင်သည် ဧရာဝတီဘဏ်စတင်တည်ထောင်သည့် ၂၀၁၀ခုနှစ်မှစ၍ ဒါရိုက်တာအဖွဲ့၏ ဒု-ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ဌေးဌေးခိုင်သည် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် သိပ္ပံဘွဲ့ရရှိခဲ့ပြီး မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ဒု-ဥက္ကဌအနေဖြင့်လည်းကောင်း၊ မြန်မာအမျိုးသမီးအားကစားအဖွဲ့၏ နာယကအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။

U-Khin-Maung

ဦးခင်မောင် မြန်မာ ၊ အသက်(၇၅) နှစ် ဒု- ဥက္ကဌ ဦးခင်မောင်သည် ဧရာဝတီဘဏ်စတင်တည်ထောင်သည့် ၂၀၁၀ ဇူလိုင်လမှစ၍ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဘုတ်အဖွဲ့၏ ဒု- ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါသည်။ ဦးခင်မောင်သည် ဘဏ်လုပ်ငန်းအတွေ့အကြုံ ၅၁နှစ်ကျော်ရှိသူတစ်ဦးဖြစ်ပါသည်။ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့်မြန်မာ့စီးပွားရေးဘဏ်တို့တွင် အဓိကကျသောရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ရာ အုပ်ချုပ်မှုဒါရိုက်တာရာထူးအထိ တိုးမြှင့်ခြင်းခံခဲ့ရပါသည်။ ထို့နောက် မြန်မာမေဖလားဝါးဘဏ်သို့ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ဦးခင်မောင်အနေဖြင့် MICB ၌ အုပ်ချုပ်မှုအဖွဲ့ဥက္ကဌ နှင့် Credit ကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် နိုင်ငံခြားငွေလဲလှယ်ရေး စီမံဆောင်ရွက်မှု ဘုတ်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရှိ ချေးငွေကော်မတီတွင်ဘုတ်အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

U-Phyo-Aung

ဦးဖြိုးအောင် မြန်မာ ၊ အသက်(၃၆) နှစ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်သည် ဧရာဝတီဘဏ် စတင်ဖွင့်လှစ်အချိန်မှစ၍ စီးပွားရေးဖွံ့ဖြိုးမှု မန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် Business Division ၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။ ဦးဖြိုးအောင်သည် London School of Economics & Political Science, University of London မှချီးမြှင့်သော Bachelor of Science (Honors) ကို Banking and Finance ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ဦးဖြိုးအောင်သည် ဧရာဝတီဘဏ်၌ တာဝန်မထမ်းဆောင်မီ ပြည်တွင်းပြည်ပရှိ ဝန်ဆောင်မှုလုပ်ငန်းလောက၌ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ နိုင်ငံတကာကျွမ်းဝင်မှုနှင့် ဝန်ဆောင်မှုအတွေ့အကြုံတို့ကို အခြေခံ၍ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေသူဖြစ်ပါသည်။

U-Than-Zaw

ဦးသန်းဇော် မြန်မာ ၊ အသက်(၆၁) နှစ် အလုပ်အမှုဆောင်ဒါရိုက်တာ ဦးသန်းဇော်သည် ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပြီး ဧရာဝတီဘဏ်အား အဖက်ဖက်မှ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် ဦးသန်းဇော်သည် အာမခံကုမ္ပဏီအသစ်တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူ ထားပြီး ဧရာဝတီဘဏ်၏ ဘုတ်အဖွဲ့တွင်လည်း အလုပ်အမှုဆောင်ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဦးသန်းဇော်သည် အိုလံပစ်ကော်မတီတွင် ဘဏ္ဍာရေးမှူးအဖြစ် ၈ နှစ်ကြာဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် Chief Executive Officer အနေဖြင့် ၂ နှစ်ကြာ တာဝန်ယူခဲ့ပါသည်။

Daw-Khin-Ma-Ma

ဒေါ်ခင်မမ မြန်မာ ၊ အသက်(၄၃) နှစ် အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမသည် ၂၀၁၂ ခုနှစ်တွင် ဧရာဝတီဘဏ်၏ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ်တွင် ဧရာဝတီဘဏ်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ဒေါ်ခင်မမသည် ၁၇ နှစ်ကြာ ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံများဖြင့် ဘဏ်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။ သူမသည် ဘဏ်၏စီးပွားရေး မိတ်ဖက်များအတွက် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုပေးရန် ဆန္ဒပြင်းပြသူဖြစ်ပါသည်။ ဘဏ်ခွဲတိုင်း၏ ဝန်ဆောင်မှုအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် သူမသည် လူ့စွမ်းအားအရင်းအမြစ်နှင့်ဆိုင်သော ကိစ္စအရပ်ရပ်အား စီမံခန့်ခွဲပေးနေသည့်အပြင် ဘဏ်ဝန်ထမ်းများ၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ညွှန်ကြားပေးနေသူတစ်ဦးလည်း ဖြစ်ပါသည်။

U-Min-Sein

ဦးမင်းစိန် မြန်မာ၊ အသက် (၆၇) နှစ် (ပြင်ပ) အလုပ်အမှုဆောင်ဒါရိုက်တာ ထူးချွန်အောင်မြင်ပြီး တရားလွှတ်တော်ရှေ့နေအပြင် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖြစ်ပါ တာဝန်ထမ်းဆောင်လျက်ရှိသော ရှေ့နေဦးမင်းစိန်သည် ၁၉၇၂ခုမှ စတင်၍ ရှေ့နေအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ သူသည် Christopher Bridges (Singapore) နှင့် တွဲဖက်ထားသည့် Asia Law Alliance အဖွဲ့ဝင်ဖြစ်သော ဦးမင်းစိန်ဥပဒေအကြံပေးလုပ်ငန်း (ရန်ကုန်)၏ အုပ်ချုပ်မှုဆိုင်ရာ ပူးတွဲတာဝန်ခံဖြစ်သည်။ သူသည် ဥပဒေအကြံပေးအဖြစ် Italian Thai Public Company၊ ပြင်သစ်ရုံး၊ World Vision၊ Myanmar Brewery Company Limited၊ Toyota Tsusho Company Limited များတွင် လည်းကောင်း၊ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖြစ် ၁၉၉၇ ခုနှစ် ကတည်းက Myanmar Times တွင် လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဦးမင်းစိန်သည် လက်ရှိ The Myanmar Times Consolidated Media Company ၏ ဒါရိုက်တာတစ်ဦး ဖြစ်သည်။ သူသည် Australia Myanmar Chamber of Commerce West Indochina Consultants ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၍ Strohal Associates ၏ သင်္ဂဟ အသင်းဝင်လည်း ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွက် အထောက်အကူပြုသည့်အနေဖြင့် ဦးမင်းစိန်သည် စာရင်းစစ်ချုပ်ရုံးတွင် ကူးသန်းရောင်းဝယ်ရေးဥပဒေကို နှစ်ပေါင်း ၂၀ ကြာ ကထိက အဖြစ် ပို့ချပေးလျက်ရှိသည်။ သူသည် ကုသိုလ်ဖြစ် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဦးလှထွန်းဆေးရုံ၏ မူလအဖွဲ့ဝင်နှင့် အုပ်ချုပ်မှု ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

Dr-Aung-Tun-Thet

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် မြန်မာ ၊ အသက် (၆၈) နှစ် အလုပ်အမှုဆောင်ဒါရိုက်တာ (ပြင်ပ) အလုပ်အမှုဆောင်ဒါရိုက်တာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်သည် ၂၀၁၃ခုနှစ်မှစတင်၍ ဧရာဝတီဘဏ်တွင် (ပြင်ပ) အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံရပြီး စီမံခန့်ခွဲအုပ်ချုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍနှင့် ဘဏ်၏ လူမှုရေးအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပေးလျက်ရှိသည်။ ဒေါက်တာသက်ထွန်းသက်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံအစိုးရဌာနဆိုင်ရာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အောင်မြင်ကျော်ကြားသည့် အပြည်ပြည်ဆိုင်ရာနှင့် အမျိုးသားပြည်သူ့ဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဧည့်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ သူသည် ကုမ္ပဏီများတွင် စီမံခန့်ခွဲ့အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များတွင် အတိုင်ပင်ခံအကြံပေးတစ်ဦးလည်း ဖြစ်သည်။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်သည် မြန်မာနိုင်ငံတွင် လူမှုရေးအကျိုးပြုလုပ်ငန်းများအတွက် ရှေ့ဆောင်တာဝန်ယူပြောဆိုနေသူတစ်ဦးလည်း ဖြစ်သည်။

Dr-Tin-Latt

ဒေါက်တာတင်လတ် မြန်မာ ၊ အသက် (၄၃) နှစ် (ပြင်ပ) အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင်လတ်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ ဧရာဝတီဘဏ်တွင် (ပြင်ပ) အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် စာရင်းအင်းဆိုင်ရာ FCCA၊ ACMA နှင့် CPA လက်မှတ်ရ ကျွမ်းကျင်ပညာရှင် အတွေ့အကြုံ ၁၈ နှစ် အထက်ရှိသူတစ်ဦး ဖြစ်သည်။ သူသည် ACCA နှင့် CIMA ကဲ့သို့ နိုင်ငံတကာကျွမ်းကျင်မှုဆိုင်ရာ စာရင်းကိုင်ပညာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စာရင်းဆိုင်ရာပညာရပ်များပို့ချသည့် Management & Accountancy Training Limited အား ဖွင့်လှစ်၍ အုပ်ချုပ်မှုဒါရိုက်တာတစ်ယောက်အဖြစ် လုပ်ဆောင်လျက်ရှိပြီး MAT Audit and Professional Service ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးတွဲတာဝန်ခံလည်း ဖြစ်ပါသည်။ ဒေါက်တာတင်လတ်သည် မြန်မာနိုင်ငံ လက်မှတ်ရပြည့်သူစာရင်းကိုင်နှင့် စင်္ကာပူနိုင်ငံ၏ Chartered စာရင်းကိုင်တစ်ဦးဖြစ်ကာ Ernst & Young LLP Singapore နှင့်ပူပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံစာရင်းကိုင်ကောင်စီတွင် CPA သင်တန်းများအတွက် ဧည့်ကထိကအဖြစ် လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံလက်မှတ်ရ ပြည့်သူစာရင်းကိုင်ကျောင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။

Moo Sun

Mr. Moo Sun မလေးရှား နိုင်ငံသား ၊ အသက် (၅၂) နှစ် Chief Operating Officer Mr. Moo Sun သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာတွင် ဧရာဝတီဘဏ်၌ Chief Operating Officer အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဘဏ်လုပ်ငန်းတွင် နှစ်ပေါင်း ၃၀ လုပ်သက်ရှိသော Mr. Moo Sun သည် ဘဏ်လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သည့် ဝါရင့်ဘဏ်လုပ်ငန်းတစ်ဦး ဖြစ်သည်။ သူသည် သူ၏ဘဏ်လုပ်ငန်းအတွ့အကြုံများကို မလေးရှားနိုင်ငံတွင် စတင်ခဲ့ပြီးနောက် အင်ဒိုချိုင်းနားဒေသအတွင်းရှိ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ဘဏ်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ Mr. Moo Sun သည် ယခုအခါ ဧရာဝတီဘဏ်၏ လုပ်ငန်းများကို ဦးဆောင်လမ်းညွှန်ပေးနေပြီး ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဌာနကို အဓိကကြီးကြပ်ကွပ်ကဲလျက် ရှိပါသည်။

azim

Mr. AZEEM M. AZIMUDDIN CFO & ADVISOR TO CHAIRMAN Mr. AZEEM သည် Banking and Private Equity Investments တွင်လုပ်ငန်းအတွေ့အကြုံ (၃၀) နှစ်၊ HSBC, Citibank and Société Générale တို့တွင်လုပ်ငန်းအတွေ့အကြုံ (၂၀)နှစ် ၊ တောင်အာဖရိက၊ အရှေ့တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကတို့တွင် Started & transformed banking လုပ်ငန်းနှင့်မိသားစုလုပ်ငန်းများ၌ Board, CEO, CFO and General Management ရာထူးများဖြင့် လုပ်ငန်းအတွေ့အကြုံ(၁၅)နှစ်ရှိခဲ့သည်။ သူသည် ဘဏ်၏စီးပွားရေးလုပ်ငန်း ပြောင်းလဲဖော်ဆောင်မှုများ၊ အဖွဲ့အစည်းအတွင်း စီးပွားရေးဗျူဟာဖော်ဆောင်မှုများ၊ နည်းပညာနှင့် မဟာဗျူဟာများကို ပေါင်းစပ်ဖန်တီးကာ ဖြန့်ဝေခြင်းနှင့် လုပ်ငန်းပုံစံ ပြုပြင်ပြောင်းလဲခြင်း အတွေ့အကြုံများကို ဦးဆောင်ခဲ့ပါသည်။