Role of Board and Board Committees

ဒါရိုက်တာအဖွဲ့ဝင်များ

ဧရာဝတီဘဏ်၏ ဦးတည်ချက်အသွင်အပြင်ကိုဖော်ဆောင်ပေးရန်နှင့် စီးပွားဖက်များ၊ ဝန်ထမ်းများ၊ ဘဏ်နှင့်ဆက်သွယ်နေကြသူများ အားလုံး၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးရန်ဖြစ်သည်။

ဥက္ကဌ

ဒါရိုက်တာအဖွဲ့မှ စီမံထားသော ဘဏ်၏ဦးတည်ချက်၊ လျာထားချက်များကို ဥက္ကဌမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင်စီးပွားရေးဖွံ့ဖြိုးရန် လမ်းညွှန်ချက်များပေးခြင်း၊ ဆုံးရှုံးမှုအန္တရာယ်ပပျောက်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများထိရောက်မှုရှိ၊မရှိ ဝေဖန်လမ်းညွှန်ပေးခြင်းစသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင်အုပ်ချုပ်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ တာဝန်ခွဲဝေမှုညီညွတ်မျှတရေး စသည်တို့အတွက် ကော်မတီအားလုံး၏ ဥက္ကဌအဖြစ် ဦးစီးဆောင်ရွက်သွားရန်ဖြစ်သည်။ ဘဏ်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ်၏ ဂုဏ်သိက္ခာကို အစဉ်သဖြင့်တိုးပွားစေရေးသည် ဥက္ကဌ၏ ဦးစီးဦးဆောင် ပြုရမည့် အခန်းကဏ္ဍဖြစ်သည့်အပြင် ဝန်ထမ်းများ၏တက်ကြွ ရွှင်လန်းမှုကို ဖန်တီးပေးရန်မှာလည်း ဘဏ်ဥက္ကဌ၏ အရေးကိစ္စသာဖြစ်သည်။

စီမံခန့်ခွဲမှုကော်မတီ

ဥက္ကဌနှင့်ဘုတ်အဖွဲ့ဝင်များမှနေ၍ ပြင်ဆင်ပေးလိုက်သော ဆောင်ရွက်ရမည့် နည်းဗျူဟာများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းအပေါ်တွင် အုပ်ချုပ်မှုဒါရိုက်တာမှနေ၍ ခွင့်ပြုမိန့်ချမှတ်ပေးနိုင်ရန် ပြန်လည်တင်ပြရမည်ဖြစ်သည်။ ထိုု့ပြင် ကော်မတီသည် ဘုတ်အဖွဲ့မှ အတည်ပြုပေးနိုင်ရန်လည်း ထောက်ခံချက် ရေးသားပေးရမည်ဖြစ်သည်။

အုပ်ချုပ်မှုဒါရိုက်တာ

ချမှတ်ထားသောနည်းဗျူဟာများသည်ကုန်ကျစရိတ်သက်သာမှုရှိမရှိ၊အချိန်ကာလ လုံလောက်မှုရှိမရှိ နှင့် အကျိုးသက်ရောက်မှု စသည့်အရာအားလုံးကို ချင့်ချိန်ဆုံးဖြတ်ရမည်ဖြစ်သည်။ ဘဏ်အကျိုးအမြတ်ရရှိရေး၊ ဆုံးရှုံးနိုင်မှုအခြေအနေနှင့် ဘဏ်၏အကျိုးဖြစ်ထွန်းမှုအားလုံးကို နေ့စဉ်အကဲဖြတ်ဝေဖန်နေ ရမည်ဖြစ်သည်။
စာရင်းစစ်၊ဆုံးရှုံးနိုင်မှုနှင့် စည်းမျည်းစည်းကမ်းများလိုက်နာမှုကော်မတီ

စာရင်းစစ်

Management ရေးရာမှ ရောက်ရှိလာသော တင်ပြချက်များကို စီစစ်လက်ခံပြီး ဘုတ်အဖွဲ့သို့ တင်ပြရန်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာတင်ပြချက်၊ စာရင်းဌာနပေါ်လစီ၊ ဘဏ်တွင်းစာရင်းစစ်၊ ဘဏ်တွင်း/ဘဏ်ပြင် စာရင်းစစ်ပုံစံစသည်တို့ဖြစ်သည်။

ဆုံးရှုံးမှု

ဘုတ်အဖွဲ့မှ သတ်မှတ်ထားသောပေါ်လစီများနှင့်အညီ ဆုံးရှုံးနိုင်မှုအခြေအနေကို အမြဲသုံးသပ် လေ့လာနေရန်နှင့် ဆုံးရှုံးနိုင်ခြေများကိုလည်းထိန်းချုပ်ရန် ဖြစ်သည်။ ဘဏ်လုပ်ငန်းနှင့်ပတ်သက်သော ဆုံးရှုံးနိုင်ခြေများ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုနှင့် ဆောင်ရွက်မှုအဆင့်ဆင့်ထိန်းချုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ရပါမည်။

စည်းမျည်းစည်းကမ်းလိုက်နာမှု

စည်းမျည်းစည်းကမ်းလိုက်နာမှု စနစ်များကို အမြဲစောင့်ကြည့်နေရန်နှင့် ဘဏ်လည်ပတ်မှု ဘောင်အတွင်းမှနေ၍ ထိုစနစ်များကိုအခါသင့်သလိုပြောင်းလဲ ပြင်ဆင်ပေးရန်ဖြစ်သည်။ ပြောင်းလဲပြင်ဆင်ပေးပြီး ဘဏ္ဍာရေးအရဆုံးရှုံးနိုင်ခြေရှိသည် ဆိုပါက ၎င်းစနစ်ကို ပြင်ဆင်ခြင်းမပြုရန် ဖြစ်သည်။