Corporate News

Heart Operation 3

နှလုံးဝေဒနာရှင်များကို ကုတင် ၅၅၀ဆံ ရန်ကင်း ကလေးဆေးရုံကြီးတွင် ကုသပေးခဲ့

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဖိတ်ကြားမှုအရ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများဖြစ်ကြသည့် ဂျပန်နိုင်ငံမှ Prof; Hisashi Sugiyama ၊ Dr. Takata နှင့် ဗီယက်နမ်နိုင်ငံမှ Dr. Dao Anh Quoc တို့သည် ရန်ကင်းကလေး ဆေးရုံကြီးမှ ကလေးနှလုံးရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဦးနှင့်အတူ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၂၃ရက်နေ့ အထိ နှလုံးဝေဒနာရှင်များကို ကုတင် ၅၅၀ဆံ ရန်ကင်း ကလေးဆေးရုံကြီးတွင် ကုသပေးခဲ့သည်။ ဂျပန်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများမှာ ဧရာဝတီဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ တတိယအကြိမ်မြောက် လာရောက် ကုသပေးခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်တွင် နှလုံးအပေါ်ခန်း နံရံတွင် အပေါက်ပါသူများ(ASD)၊ နှလုံးသွေးကြော အပိုပါသူများ(PDA)နှင့် နှလုံးမှ အဆုတ်သို့သွားသော သွေးလွှတ်ကြောမ ကျဉ်းနေခြင်းတို့ကို ဆေးပညာ တိုးတက်လာမှုအရ ခွဲစိတ်ရန်မလိုဘဲ ပေါင်မှနှလုံးအထိ ပိုက်ထည့်ပြီး အဆို့ဖြင့်ပိတ်၍ ကုသပေးခြင်း။ ခွဲစိတ်ရန်မလိုဘဲ ဘောလုံးဖြင့်ချဲ့ ပေးခြင်းဖြင့် ကုသပေးခဲ့သည်။ နှလုံးကုသမှု ခံယူခဲ့ကြသည့် လူနာများအနက်မှ လပွတ္တာ၊ ကျောက်ကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊သံဖြူဇရပ်၊...

New Year Donation 4

ကျန်းမာရေးကဏ္ဍအတွက် ငွေပဒေသာပင် ကျပ်သိန်းတစ်သောင်းတိတိ မတည်လှူဒါန်း

ဒီဇင်ဘာလ ၃၁ရက်နေ့ညက Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော နှစ်သစ်ကူး ညစာစားပွဲတွင် ဧရာဝတီဖောင်ဒေရှင်း ဥက္ကဋ္ဌဦးဇော်ဇော်နှင့်မိသားစုတို့က တစ်နိုင်ငံလုံးမှ အနာဂတ် မျိုးဆက်သစ် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ထောက်ပံ့ကူညီနိုင်ရန် အတွက် ငွေပဒေသာပင်အဖြစ် ငွေကျပ်သိန်းတစ်သောင်းတိတိ စိုက်ထူလှူဒါန်းခဲ့ပါသည်။ ဧရာဝတီဖောင်ဒေရှင်းနှင့်အတူ နှစ်သစ်ကူးညစာစားပွဲသို့ တက်ရောက်လာကြသည့် မိတ်ဆွေ သင်္ဂဟများက ရန်ကင်းကလေးဆေးရုံကြီးရှိ နွမ်းပါလူနာများအတွက် နေ့စဉ် အာဟာရ ဒါနလှူဒါန်းမှု အတွက် တစ်နှစ်တာ (၃၆၅) ရက်စာ၊ စုစုပေါင်းအလှူငွေ (၁၈၂၅)သိန်းကျပ်တိတိနှင့်အတူ မွေးရာပါ နှလုံးဝေဒနာရှင်များ အတွက်လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် နေ့စဉ်အာဟာရ လှူဒါန်းမှုအတွက် တစ်နှစ်တာ (၃၆၅)ရက်စာ အလှူငွေကို စဉ်ဆက်မပြတ်ရရှိစေရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်စဉ် ကြိုတင် လှူဒါန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ လှူဒါန်းမှုစာရင်း ၁။ ဦးမောင်မောင် (SHE SHINE) (၇)ရက် ၂။ ဦမောင်မောင်အေး (၄) ရက် ၃။ ဦးကိုကိုအောင် (၃) ရက် ၄။ ဦးဆန်နီ (၆) ရက် ၅။ ဦးမျိုးသူရ (၁၀) ရက် ၆။ ဦးအောင်မြတ် (Mother Trading) (၇) ရက် ၇။ ဦးကျော်လင်း...

gala-dinner-mdy-4

AYA Bank ၏ Customer များအတွက် Gala Dinner အား မန္တလေးမြို့တွင် ကျင်းပ

AYA Bank အားအစဉ်တစိုက်အားပေးလာကြသည့် မန္တလေးမြို့ရှိ AYA ၏ စီးပွားမိတ်ဖက်များနှင့် customer များအား ကျေးဇူးတင်ဂုဏ်ပြုချီးမြှင့်သည့် Gala Dinner အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ် (Pool Side)၌စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်။ ညစာစားပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ AYA Bank ၏ Royal Customer များနှင့် AYA ၏ ထုတ်ကုန်များကို အစဉ်တစိုက်သုံးစွဲလာကြသည့် မိဘပြည်သူများ စုံလင်စွာ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီဘဏ်လီမိတက် ဥက္ကဌ ဦးဇော်ဇော်မှ တက်ရောက် လာသူများအား ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုအဖွဲ့ဝင်များအား မိတ်ဆက် ပေးခဲ့ သည်။ တက်ရောက်လာကြသည့် စီးပွားမိတ်ဖက်များနှင့် customer များအား ဧရာဝတီဘဏ်မိသားစုမှ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဝေလ၊ အမွန်း၊ ဇွဲပြည့်၊ ဂျီလတ်စသည့် အဆိုတော်များမှ ဖျော်ဖြေခဲ့ကြရာ ဧည့်သည် တော်များနှင့်အတူ ဧရာဝတီဘဏ်ဝန်ထမ်းများမှလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။...

7th-branch-development-meeting-4

ဧရာဝတီဘဏ်၏ (၇)ကြိမ်မြောက် Branch Development Meeting အား မန္တလေးမြို့တွင် ကျင်းပခဲ့

  AYA Bank ၏ (၇)ကြိမ်မြောက် Branch Development Meeting အား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီဘဏ်ရုံးချုပ်မှ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အကြီးအကဲများနှင့်အတူ ဒေသ ဆိုင်ရာမန်နေဂျာများ၊ ဘဏ်ခွဲအသီးသီးမှ ဘဏ်ခွဲမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ ဧရာဝတီဘဏ်ခွဲများတွင် နေ့စဉ် လက်တွေ့ရင်ဆိုင်နေရသည့် လုပ်ဆောင် မှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းဆောင်ရွက်၍ အဖြေရှာနိုင်ရန် ရည်ရွယ်၍ Branch Development Meeting အား ကျင်းပခဲ့ခြင်းဖြစ်သည်။ ဧရာဝတီဘဏ်ခွဲများအနေဖြင့် ဈေးကွက်ဖော်ဆောင်မှု၊ မိမိတို့၏ ထုတ်ကုန်များ၊ ရှေ့ဆက်ရမည့် လုပ်ငန်း စဉ်များ၊ ဘဏ်ခွဲများမှ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သတိပြုရန်အချက်များကို ဧရာဝတီဘဏ် ရုံးချုပ်၏ ဌာနအကြီးအကဲများမှ သက်ဆိုင်ရာဌာနအလိုက် နံနက်ပိုင်းတွင် ဆွေးနွေး ညွှန်ပြပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် နေ့စဉ် လက်တွေ့ဖော်ဆောင်နေသည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ဘဏ်ခွဲများတွင် ရင်ဆိုင်ရသည့် အခက်အခဲများ၊ တင်ပြလိုသည့်...

sharing-on-business-knowledge-2

ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ ဦးဆောင်ကျင်းပသောစီးပွားရေး အသိပညာဆွေးနွေးပွဲတွင် ဧရာဝတီဘဏ်မှ ပါဝင်ဆင်နွှဲခဲ့

  ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ ဦးဆောင်ကျင်းပသည့် စီးပွားရေး အသိ ပညာဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့ရာ ဧရာဝတီဘဏ်မှ အဓိကပါဝင်ဆင်နွှဲခွင့်ရရှိခဲ့ပါသည်။ လုပ်ငန်းနယ်ပယ်အသီးသီးမှ အသိပညာရှင်များ၊ လုပ်ငန်းရှင်များမှ ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီဘဏ်မှလည်း လုပ်ငန်းအသီးသီးအတွက် အသုံးဝင်မည့် ဘဏ်ဝန်ဆောင်မှုများကို ဆွေးနွေးပေးခဲ့ကာ တက်ရောက်လာကြသော ဧည့်သည်များအတွက် ဘဏ်ဝန်ဆောင်မှုများ မိတ်ဆက်ပေး နိုင်ခဲ့ပါသည်။...

cashless-solution-myanmar-zala-distribution-2

ဧရာဝတီဘဏ် နှင့် Myanmar Zarla Distribution တို့မှ ပူးပေါင်း၍ ခေတ်မီ Cashless solution ငွေပေးချေစနစ်များအကြောင်းဆွေးနွေးပွဲကျင်းပခဲ့

ဧရာဝတီဘဏ် နှင့် Myanmar Zarla Distribution တို့မှ ပူးပေါင်း၍ ခေတ်မီ Cashless solution ငွေပေးချေ စနစ်များအကြောင်းဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဧရာဝတီဘဏ် ရုံးချုပ်(Rowe)၌ ကျင်းပခဲ့သည်။ ဧရာဝတီဘဏ်၏ စီးပွားရေးအကြံပေး ဒါရိုက်တာဦးမြင့်ဇော်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး Retail Banking မှ ဒါရိုက်တာ ဦးသူရမောင်မှ ကုန်သည်ကြီးများ ၏ ဘဏ်စာရင်းနှင့် ချိတ်ဆက်ထားသော AYA Debit Card နှင့် အကြွေးဝယ်ယူနိုင်သော Credit Card များကို မိတ်ဆက်ပေးခဲ့သည်။ ဆက်လက်၍ Myanmar Zarla Distribution ၏ General Manager ဦးရဲမြတ်ထူးမှ ယနေ့ နိုင်ငံတကာတွင် တီထွင် ဆန်းသစ်မှုများ ပေါ်ပေါက် လာသည်နှင့်အမျှ လုံခြုံစိတ်ချရခြင်း၊ငွေစာရင်း တိကျမှန်ကန်ခြင်း၊ အကြွေ ရှားပါးခြင်း ပြဿနာမှကင်းလွတ်ခြင်း စသော အကျိုးအမြတ်များကိုရရှိစေမည့် AYA Debit Card နှင့် Credit Card အစရှိသည့် ATM ကဒ် များဖြင့် သုံးစွဲလျှက်ရှိကြောင်း...

200th-branch-opening-2

ဧရာဝတီဘဏ်၏ ဘဏ် (၂၀ဝ)မြောက်ဖြစ်သည့် အလုံဘဏ်ဘဏ်ခွဲ ဖွင့်လှစ်ပွဲ အခမ်းအနား

ဧရာဝတီဘဏ်၏ ဘဏ် (၂၀ဝ)မြောက်ဖြစ်သည့် အလုံဘဏ်ဘဏ်ခွဲ ဖွင့်လှစ်ပွဲ အခမ်းအနား ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဘဏ်ခွဲတည်ရှိရာ အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့်သစ်တောလမ်းထောင့်ရှိ River View Point Condominium တွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအား နံနက် ၈:၁၀ နာရီတွင်မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ(၁) ဦးဆက်အောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဧရာဝတီဘဏ် ဥက္ကဌ ဦးဇော်ဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အစီအစဉ်အရ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ရုံးတွင်းဌာနများ နှင့် Innovative Banking hall တို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ(၁) ဦးဆက်အောင် တို့မှ အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီဘဏ် ဥက္ကဌ ဦးဇော်ဇော်မှ အနာဂတ်တွင် ဘဏ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီဘဏ်သည် တနိုင်ငံလုံးတွင် ဘဏ်ခွဲစုစုပေါင်း(၂၀ဝ)ကို ဖွင့်လှစ်ပြီးသကဲ့သို့ လာမည့် (၂၀၁၇)ခုနှစ်တွင် ဘဏ်ခွဲ (၁၀ဝ) ထပ်မံဖွင့်လှစ်ရန် လျာထားပြီး ဆောက်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သည်။  ...

aya-logo

ဧရာဝတီဘဏ်လီမိတက်သည် နိုဝင်ဘာလအတွင်း ဘဏ်ခွဲအသစ်များ နေရာအသီးသီးတွင် ထပ်မံ ဖွင့်လှစ်

ဧရာဝတီဘဏ်လီမိတက်သည် နိုဝင်ဘာလအတွင်း ဘဏ်ခွဲအသစ်များ နေရာအသီးသီးတွင် ထပ်မံ ဖွင့်လှစ်ခဲ့ပြီး အထွေထွေဘဏ်ဝန်ဆောင်မှုများအား စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း မိဘပြည်သူအပေါင်းအား ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည်။ ၁၈၅။    ရန်ကုန်(၇၆)-မင်္ဂလာတောင်ညွှန့်(မြရာကုန်းလမ်း)ဘဏ်ခွဲ အမှတ်(၅၇)၊ မြေကွက်အမှတ်(V-193)၊ မြရာကုန်းလမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။ ဖုန်း - ဝ၁-၈၆၁၉၅၉၂၊ ၈၆၁၉၅၉၃၊ ၈၆၁၉၅၉၄၊ ၈၆၁၉၅၉၅၊ ၈၆၁၉၅၉၆၊ ။ Fax - ဝ၁-၈၆၁၉၅၉၀၊ ၈၆၁၉၅၉၁။ ၁၈၆။    အမှတ်(၃)ရပ်ကွက်၊ ဝမ်းတွင်းကျွန်းတောလမ်း၊ ဝမ်းတွင်းမြို့၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်း - ဝ၆၄-၅၀၈၁၃၊ ၅၀၈၁၄၊ ၅၀၈၁၅၊ ၅၀၈၁၆၊ ၅၀၈၁၇ ။ Fax - ဝ၆၄- ၅၀၈၁၉၊ ၅၀၈၂၀။ ၁၈၇။    ညောင်လေးပင်ဘဏ်ခွဲ ဦးပိုင်အမှတ်(၄၈-က/ခ)၊ မြေကွက်အမှတ်(၉၅-၉၆)၊ (မြို့မ-၃/ညောင်လေးပင်) ရပ်ကွက်၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးခရိုင်၊ ပဲခူးတိုင်းဒေသကြီး။ ဖုန်း - ဝ၅၂-၅၀ဝ၅၃၊ ၅၀ဝ၇၁၊ ၅၀ဝ၇၂၊ ၅၀၇၅၆၊ ၅၀၇၅၅ ။ Fax - ဝ၅၂- ၅၀၇၅၈၊ ၅၀၇၅၇။ ဧရာဝတီဘဏ်၏ ဖွင့်လှစ်ပြီးသော ဘဏ်ခွဲများကို AYA Website http://ayabank.com/contact/branches/ တို့တွင် ကြည့်ရှုနိုင်ပါသည်။...

aya-logo

ဧရာဝတီဘဏ်လီမိတက်သည် နိုဝင်ဘာလအတွင်း ဘဏ်ခွဲအသစ်များ နေရာအသီးသီးတွင် ထပ်မံ ဖွင့်လှစ်

ဧရာဝတီဘဏ်လီမိတက်သည် နိုဝင်ဘာလအတွင်း ဘဏ်ခွဲအသစ်များ နေရာအသီးသီးတွင် ထပ်မံ ဖွင့်လှစ်ခဲ့ပြီး အထွေထွေဘဏ်ဝန်ဆောင်မှုများအား စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း မိဘပြည်သူအပေါင်းအား ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါသည်။ ၁၈၁။ ပဲခူးဘဏ်ခွဲ-၂ (သနပ်ပင်လမ်း)၊ အမှတ်(၅၅)၊ သနပ်ပင်လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး ဖုန်း - ဝ၅၂-၂၂၀၁၃၈၅၊ ၂၂၀၁၃၈၆၊ ၂၂၀၁၃၈၇၊ ၂၂၀၁၃၈၉၊ ၂၂၀၁၃၉၀။ Fax - ဝ၅၂-၂၂၀၁၃၉၁၊ ၂၂၀၁၃၉၂။ ၁၈၂။ ရန်ကုန်(၇၅) လသာဘဏ်ခွဲ-၂ အမှတ်(၆၈၁/၆၈၃)၊ မဟာဗန္ဓုလလမ်း၊ လသာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း - ဝ၁-၂၃၀၃၂၁၆၊ ၂၃၀၃၂၁၇၊ ၂၃၀၃၂၁၈၊ ၂၃၀၃၂၁၉၊ ၂၃၀၃၂၂၀ ။ Fax - ဝ၁- ၂၃၀၃၂၂၈၊ ၂၃၀၃၂၂၉၊ ။ ၁၈၃။ မန္တလေး(၂၁)-၈၄လမ်းဘဏ်ခွဲ တိုက်အမှတ်(၂၁၀)၊ အကွက်အမှတ်(၅၅၁)၊ (၈၄×၃၄) လမ်းထောင့်၊ အောင်နန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်း - ဝ၂-၆၉၀၈၆၊ ၆၉၀၈၇၊ ၆၉၁၇၀၊ ၆၉၁၉၀။ Fax - ဝ၂-၆၉၁၉၂၊ ၆၉၁၉၄။ ၁၈၄။ ပဲခူးဘဏ်ခွဲ-၃(ဇိုင်းကနိုင်းဘဏ်ခွဲ) အမှတ်(၁၃)၊ မင်းလမ်း၊ ဇိုင်းကနိုင်းတောင်ရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး ။ ဖုန်း - ဝ၅၂-၂၂၀၁၃၇၈၊ ၂၂၀၁၃၇၉၊ ၂၂၀၁၃၈၁၊ ၂၂၀၁၃၈၂။ Fax - ဝ၅၂-၂၂၀၁၃၈၃၊ ၂၂၀၁၃၈၄။ ဧရာဝတီဘဏ်၏ ဖွင့်လှစ်ပြီးသော ဘဏ်ခွဲများကို...

img_0942

ဧရာဝတီဘဏ် နှင့် Myanmar Imperial College(MIC) တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာရေးအတွက် Education Loan ဝန်ဆောင်မှု ပေးအပ်ခြင်း

ဧရာဝတီဘဏ်သည် ပြည်တွင်း၊ ပြည်ပရှိ ဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများတွင် ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် AYA Education Loan ဝန်ဆောင်မှုကို မကြာသေးမီက စတင် မိတ်ဆက်ပေးခဲ့ ပါသည်။ ဤအစီအစဉ်အရ ဧရာဝတီဘဏ်သည် Myanmar Imperial College (MIC)နှင့် ပူးပေါင်း၍ Education Loan ဝန်ဆောင်မှု ပေးအပ်ခြင်းအတွက် နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် နံနက် (၁၀) နာရီ မှ (၁၁)နာရီခွဲထိ ဧရာဝတီဘဏ်(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။ Myanmar Imperial College (MIC) သည် မြန်မာနိုင်ငံရှိ စီးပွားရေးဆိုင်ရာ သင်တန်းကျောင်းကြီးများထဲတွင် ဂုဏ်သတင်းကျော်ကြားစွာဖြင့် မားမားမတ်မတ်ရပ်တည်လျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့နှင့် ဘွဲ့လွန်သင်တန်း များကို သင်ကြားပို့ချလျှက်ရှိသော ကျောင်းတစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သည့် Education Loan ဝန်ဆောင်မှုဖြင့် ကျောင်းသားများသည် အတိုးနှုန်းသက်သာ၍ လွယ်ကူအဆင်ပြေစေသော လစဉ်ပုံသေ အရစ်ကျ ပေးချေစနစ်ဖြင့် မိမိစိတ်အားထက်သန်သည့် ဘာသာရပ်များအား ဆက်လက်သင်ကြားနိုင်မည် ဖြစ်ပါသည်။ ဧရာဝတီဘဏ်၏...