Credit Card

AYA Credit Card သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အတွက် ငွေပေးချေရာတွင် အသုံးပြုနိုင်သော ပြည်တွင်းသုံး အကြွေးဝယ်ကဒ် ဖြစ်ပါသည်။
ပြည်တွင်း ဈေးဆိုင်အမြောက်အများနှင့် Online Shopping များတွင် AYA Credit Card ကို အသုံးပြု၍ ခေတ်မှီစွာ ငွေပေးချေနိုင်ပါသည်။
ကဒ်လျှောက်ရာတွင် Deposit ထည့်သွင်းရန်မလိုဘဲ အခမဲ့ လျှောက်ထားနိုင်ပါသည်။

Platinum Credit Card

  • လစဉ်ဝင်ငွေ အထောက်အထား အနည်းဆုံး ကျပ် ၂,ဝ၀ဝ,ဝ၀ဝ
  • အများဆုံး ရရှိနိုင်မည့် ငွေပမာဏ (Credit Limit )သည် ဝင်ငွေ၏ 3.5 ဆ
  • အထူးခံစားခွင့်များ (Premium Deals and Discounts)

Gold Credit Card

  • လစဉ်ဝင်ငွေ အထောက်အထား အနည်းဆုံး ကျပ် ၅၀ဝ,ဝ၀ဝ
  • အများဆုံး ရရှိနိုင်မည့် ငွေပမာဏ (Credit Limit )သည် ဝင်ငွေ၏ 3.5 ဆ

Silver Credit Card

  • လစဉ်ဝင်ငွေအထောက်အထားအနည်းဆုံး ကျပ် ၁၅၀ဝ၀ဝ
  • အများဆုံး ရရှိနိုင်မည့် ငွေပမာဏ (Credit Limit )သည် ဝင်ငွေ၏ 3.5 ဆ
  • AYA Credit Card ကို အခမဲ့ လျှောက်ထားနိုင်ပါသည်။
  • Deposit ပေးသွင်းရန် မလိုပါ။ လစဉ် ဝင်ငွေအထောက်အထားသာ လိုအပ်ပါသည်။
  • AYA Credit Card ဖြင့် စတင်ဝယ်ယူသုံးစွဲသည့် နေရက်မှစပြီး သုံးစွဲထားသည့် ငွေစုစုပေါင်းအပေါ် အတိုးမပေးရသည့် အတိုးကင်းလွတ်ခွင့် ကာလမှာ ရက်ပေါင်း ၅၀ အထိ ဖြစ်ပါသည်။
  • AYA Credit Card ဖြင့် သုံးစွဲနိုင်သော အများဆုံး ငွေပမာဏသည် သင့်လစဉ်ဝင်ငွေ၏ 3.5 ဆအထိ ရရှိနိုင်ပါသည်။
  • AYA Credit Card ၏အတိုးနှုန်းမှာ တစ်လလျှင် ၁.ဝ၈ ရာခိုင်နှုန်း ဖြစ်သည်။
  • သင့်မိသားစုဝင်များအတွက် ဆင့်ပွားကဒ်များ လျှောက်ပေးခြင်းဖြင့် AYA Credit Card ၏ အကျိုးရလဒ်များ၊ ခံစားခွင့်များ နှင့် Credit Limit ကိုပါ မျှဝေခံစားနိုင်ပါသည်။Credit Card Account တစ်ခုလျှင် ဆင့်ပွားကဒ် (၄) ကဒ်အထိ လျှောက်ထားနိုင်ပါသည်။
  • AYA Credit Card ကို အသုံးပြု၍ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ဝန်ဆောင်မှုများ အတွက် ငွေပေးချေရာတွင် အထူးလျှော့ဈေး(Discounts )များ နှင့် အထူးအခွင့်အရေး(Deals)များ ရရှိနိုင်မည် ဖြစ်သည်။
  • လစဉ် ငွေစာရင်းရှင်းတမ်းများကို သင့် Email လိပ်စာသို့ လစဉ် Statement Date တွင် ပေးပိိုု့့သွားမည် ဖြစ်ပါသည်။ Credit Card ဖြင့် သုံးစွဲနိုင်သော Transaction အားလုံးနှင့် ကျသင့်ငွေအားလုံးကို အလွယ်တကူ သိရှိနိုင်ရန် ဖော်ပြထားပါသည်။
  • AYA i-Banking (သို့)m-Banking services တို့ ကို လျှောက်ထားခြင်းဖြင့်လည်း အချိန်မရွေး ၊နေရာမရွေး အင်တာနက်နှင့် မိုဘိုင်းဖုန်းများ သုံး၍ သင့် AYA ငွေစာရင်းများမှ တစ်ဆင့် AYA Credit Card Account သို့ ငွေလွှဲပြီး အချိန်မရွေး ပြန်လည် ပေးဆပ်နိုင်ပါသည်။
  • Credit Card အတွက် ပြန်လည်ပေးဆပ်ရာတွင် ငွေသားဖြင့် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲတွင် ဘဏ်ဖွင့်ချိန် အတွင်း ပေးဆပ်နိုင်သလို ဧရာဝတီဘဏ် နှင့် ဆက်စပ်သော အရောင်းဆိုင်၊ စတိုးဆိုင် အချို ့တွင်လည်း ပေးဆပ်နိုင်ပါသည်။

Interest Free Period                      အတိုးကင်းလွတ်ခွင့်ကာလမှာ ရက်ပေါင်း ၅၀ အထိ ဖြစ်ပါသည်။

 

Interest on Purchases                   အတိုးနှုန်းမှာ တစ်လလျှင် ၁.ဝ၈ ရာခိုင်နှုန်း ဖြစ်သည်။

 

Over Limit Fee                              သုံးစွဲနိုင်သည့် ငွေကြေးပမာဏကို ကျော်လွန်သုံးစွဲသည့် အခါတိုင်း ကျော်လွန် သုံးစွဲသည့်   ငွေပမာဏ အပေါ်တွင် ၃ ရာခိုင်နှုန်းကို Over Limit Fee အဖြစ် တစ်ကြိမ် ကောက်ခံမည်။

 

Penalty Fee                                    ငွေပေးဆောင်ရမည့်ရက် (Due Date)တွင် ငွေအပြည့်အဝပေးချေခြင်း (Full Payment) မရရှိသေးပါက ပေးဆောင်ရန် ကျန်ရှိသေးသော ငွေပမာဏပေါ်တွင် တစ်လလျှင် Pentaly Fee ၁ ရာခိုင်နှုန်း ထည့်သွင်း ကောက်ခံပါသည်။

 

Late Fee                                          ငွေပေးဆောင်ရမည့် (Due Date)တွင် အနည်းဆုံးပေးချေရမည့် ငွေပမာဏ (Minimum Payment) မရရှိသေးပါက ပေးဆောင်ရန် ကျန်ရှိသေးသော ငွေပမာဏ ပေါ်တွင် တစ်လလျှင် Late Fee ၂ ရာခိုင်နှုန်း ထည့်သွင်း ကောက်ခံပါသည်။

 

Lost/Stolen card                             AYA Credit Card ပျောက်ဆုံးခြင်း(သို့မဟုတ်) အခိုးခံရခြင်း ရှိပါက ကဒ်အသစ်

 

Replacement Fee                            လျှောက်ထားရန် ကျပ် ၃၀,ဝ၀ဝ ကျသင့်ပါသည်။

 

PIN Replacement Fee PIN            နံပါတ် အသစ်လျှောက်ထားရန် ကျပ် ၁,ဝ၀ဝ ကျသင့်ပါသည်။

 

Liability for Lost/Stolen Card       AYA Credit Card ပျောက်ဆုံးခြင်း(သို့မဟုတ်) အခိုးခံရခြင်း ဖြစ်ပွားခဲ့ပါက
ဝ၉၄၂၀ဝ၅၅၅၈၂ ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

Annual Card Fee                    Platinum                      Gold                         Silver

Main Card                               ၁၀ဝ,ဝ၀ဝ ကျပ်               ၆၀,ဝ၀ဝ ကျပ်       ၃၀,ဝ၀ဝ ကျပ်

Supplementary  Cards           ၅၀,ဝ၀ဝ ကျပ်                  ၃၀,ဝ၀ဝ ကျပ်       ၁၅,ဝ၀ဝ  ကျပ်

  • AYA Credit Card ကို နိုင်ငံတစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများတွင် AYA Credit Card လျှောက်လွှာကို မိမိကိုယ်တိုင် ရေးဖြည့်ပြီး လိုအပ်သော လက်မှတ်များ အောက်ဖော်ပြပါ စာရွက်စာတမ်းများ နှင့်တကွ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။
  • ပြည့်စုံပြီး လျှောက်လွှာနှင့် စာရွက်စာတမ်းများကို စီစဉ်ရန်အတွက် (၁၄)ရက်အထိ ကြာမြင့်နိုင်ပါသည်။
  • Credit Card လျှောက်လွှာအဖြေကို ဧရာဝတီဘဏ်မှ email ဖြင့် ဆက်သွယ် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ယင်း email ကို မရရှိခဲ့ပါက ဖုန်းနံပါတ် ဝ၉၄၂၀ဝ၅၅၅၈၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

လျှောက်ထားနိုင်သူများ သတ်မှတ်ချက်များလစဉ်ဝင်ငွေအထောက်အထား ထောက်ခံစာများ