AYA Foreign Currency Account

နိုင်ငံခြားငွေစာရင်း

နိုင်ငံခြားငွေစာရင်းသည် နိုင်ငံခြားငွေဖြင့် ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေသူတို့ကို နိုင်ငံခြားငွေ နှုန်းထားအခက်အခဲကြောင့် ဖြစ်ပေါ်လာနိုင်သော ငွေကြေးအခက်အခဲများကို ထိန်းသိမ်းလျှော့ချနိုင်ရန်နှင့် နိုင်ငံခြားငွေဖြင့် ပေးချေရာတွင် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို နည်းပါးစေရန် ရည်ရွယ်သော စာရင်းဖြစ်ပါသည်။

အကျိုးရလဒ်များ

 

နိုင်ငံခြားငွေကို လုံခြုံစွာသိမ်းဆည်းနိုင်ခြင်း။
နိုင်ငံခြားငွေ နှုန်းထားပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ငွေကြေးအခက်အခဲများကို ထိန်းသိမ်းလျှော့ချနိုင်ခြင်း။
ချက်လက်မှတ်ဖြင့် ပေးချေနိုင်ခြင်း။
SWIFT ငွေလွှဲ နှင့် ငွေလွှဲစာတမ်းများပြုလုပ်ရန် ဤနိုင်ငံခြားငွေစာရင်းကို အသုံးပြုနိုင်ခြင်း ဝန်ဆောင်မှုတို့ရရှိပါ မည်။

သတ်မှတ်ပုံစံ

 

အတိုး – မရရှိပါ။
လုပ်ငန်းသုံးအထောက်အကူပစ္စည်း – ချက်စာအုပ်၊ လစဉ်ငွေစာရင်းရှင်းတမ်း။
အနည်းဆုံးလက်ကျန်ငွေ
ကုမ္ပဏီအဖွဲ့အစည်းဖြစ်ပါက အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် အမေရိကန်ဒေါ်လာ(၅၀)နှင့် ညီမျှသော ငွေကြေးအမျိုးအစားထား ပေးရပါမည်။
တစ်ဦးချင်းစာရင်းဖြစ်ပါက အမေရိကန်ဒေါ်လာ(၁၀) သို့မဟုတ် အမေရိကန်ဒေါ်လာ(၁၀)နှင့် ညီမျှသော ငွေကြေးအမျိုးအစား ထားပေးရပါမည်။
ငွေကြေးအမျိုးအစား – အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရို။