AYA Interest Maximizer Account

AYA Interest Maximizer Account

စာရင်းတစ်ခုတည်းဖွင့်ရုံဖြင့် အတိုးနှင့်ဆုကြေးငွေ နှစ်မျိုးစလုံးတစ်ပြိုင်နက် ရရှိခံစားနိုင်မည့် ငွေစုစာရင်းအမျိုး အစား တစ်ခုဖြစ်ပါသည်။ လစဉ်ပုံမှန်ဝင်ငွေရရှိနေသောဝန်ထမ်းများကိုအဓိကထားရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါ သည်။

လစဉ်လတိုင်း အနည်းဆုံးငွေကျပ် (၁၀,ဝ၀ဝ) စုဆောင်းရပါမည်။ လစဉ် (၅)ရက်နေ့ နောက်ပိုင်းတွင်ရှိသော အနည်းဆုံးလက်ကျန်ငွေသည် ကျပ် (၁) သိန်းရှိပြီး ယခင်လ၏ လက်ကျန်ငွေစာရင်းထက် (၁၀,ဝ၀ဝ) ကျပ် ပိုများပါက ဆုကြေးငွေအဖြစ် (ဝ.၂၅%) ကို ခံစားနိုင်မည်ဖြစ်သည်။ လစဉ်လဆန်း (၁)ရက် မှ (၅)ရက်အတွင်း အနည်းဆုံး ကျပ် (၁၀,ဝ၀ဝ) အထက် ထပ်မံ၍ မစုသောလများတွင် ဆုကြေးငွေ (ဝ.၂၅%) ရရှိမည်မဟုတ်သော်လည်း သာမန် အတိုး (၈.၂၅%) ကိုမူ ကျပ်(၁၀,ဝ၀ဝ) နှင့် အထက်ရှိသ၍ ခံစားနိုင်မည်ဖြစ်သည်။

အကျိုးရလဒ်များ
 
• လုံခြုံမှုရရှိခြင်း။
• အတိုးရရှိခြင်း။
• အတိုးဆုံးရှုံးခြင်းမရှိပဲ ငွေထုတ်ယူနိုင်ခြင်း။
• ငွေစုဘဏ်စာရင်းဖွင့်လျှင်MPU Card ပူးတွဲထုတ်ပေးခြင်း။

သတ်မှတ်ပုံစံ

 

အတိုး – တစ်နှစ်လျှင် ပုံမှန်အတိုး ၈.၂၅%။

တစ်နှစ်လျှင် ဆုကြေးငွေအတိုး ဝ.၂၅%။

လုပ်ငန်းသုံးအထောက်အကူပစ္စည်း – ငွေစုစာအုပ်၊ MPU Card။
အနည်းဆုံးလက်ကျန်ငွေ – ၁,ဝ၀ဝ ကျပ်။
ငွေကြေးအမျိုးအစား – မြန်မာကျပ်။