AYA Saving Account

ငွေစုဘဏ်အပ်ငွေစာရင်း

 

အတိုးငွေရရှိနိုင်သော ငွေစာရင်းတစ်မျိုးဖြစ်ပြီး ငွေပိုငွေလျှံများကိုငွေစု၍ အတိုးရယူလိုသူများအတွက်

အထူးသင့် တော်သော ငွေစာရင်းတစ်မျိုးဖြစ်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်း ဖွင့်လှစ်စုဆောင်းခြင်းဖြင့်

ပြည်သူလူထုအတွင်းတွင် ချွေတာစုဆောင်းခြင်းအလေ့အထတိုးတက်လာစေနိုင်ပါသည်။

အကျိုးကျေးဇူးများ

 

လုံခြုံမှုရရှိခြင်း။
အတိုးရရှိခြင်း။
အတိုးဆုံးရှုံးခြင်းမရှိပဲ ငွေထုတ်ယူနိုင်ခြင်း။
ငွေစုဘဏ်စာရင်းဖွင့်လျှင် MPU Card ပူးတွဲပါရှိခြင်း။
ATM ဝန်ဆောင်မှုများခံစားနိုင်ခြင်း။
ငွေလွှဲခြင်းနှင့်ငွေပေးချေခြင်းအတွက် လွယ်ကူမြန်ဆန်ခြင်း။

သတ်မှတ်ပုံစံ

 

အတိုး – တစ်နှစ်လျှင် ၈.၂၅% ။
လုပ်ငန်းသုံးအထောက်အကူပစ္စည်း – ငွေစုစာအုပ်၊ MPU Card။
အနည်းဆုံးလက်ကျန်ငွေ – ၁,ဝ၀ဝ ကျပ်။
ငွေကြေးအမျိုးအစား – မြန်မာကျပ်။