ငွေလွှဲလုပ်ငန်း

ပြည်တွင်းငွေလွှဲလုပ်ငန်း

ပြည်တွင်းငွေလွှဲလုပ်ငန်းများကို စိတ်ချလျင်မြန်စွာဖြင့် လွှဲပို့နိုင်ပါသည်။ ငွေလွှဲပေးပို့လိုသော နေရာသို့ ချက်ချင်းနီးပါးရောက်ရှိနိုင်ပါသည်။ ဧရာဝတီဘဏ်၏ ဘဏ်ခွဲများအားလုံးအပြင် အခြားချိတ်ဆက်ထားသော ပုဂ္ဂလိကဘဏ်များလည်း ရှိသည့်အတွက် နေရာဒေသ အများအပြား သို့ လွှဲပို့နိုင်ပါသည်။

ငွေပေးအမိန့်လွှာ

လျှောက်ထားသူ၏ သဘောဆန္ဒအရ ဘဏ်မှထုတ်ပေးမည်ဖြစ်ပြီး ငွေပေးချေရာတွင် ယုံကြည်စိတ်ချရစေသော ဝန်ဆောင်မှုဖြစ်သည်။ ငွေလက်ခံမည့်သူအတွက် ငွေပေးချေရာတွင် အာမခံချက်ရှိစေသော ဘဏ်ဝန်ဆောင်မှုတစ်မျိုးဖြစ်သည်။ ချက်လက်မှတ်ဖြင့် ငွေပေးချေခြင်း လက်မခံနိုင်သူများအတွက် အထူးသင့်လျော်သည်။