i Banking

AYA iBanking

Internet Banking ဆိုသည်မှာ ဘဏ်သို့ လူကိုယ်တိုင် လာရောက်ရန်မလိုအပ်ဘဲ အင်တာနက်မှ တစ်ဆင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အားလုံးကို အချိန်မရွေး၊ နေရာမရွေး လုံခြုံစိတ်ချစွာဖြင့် မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သော ဝန်ဆောင်မှု တစ်ရပ် ဖြစ်ပါသည်။ iBanking သုံးစွဲနိုင်ရန်အတွက် Smartphone ၊ Laptop (သို့) PC များမှ အင်တာနက်ရှိရုံဖြင့် ဘဏ်များသို့ ကိုယ်တိုင် လာရောက်ရန်မလိုအပ်ဘဲ အချိန်ကုန်၊ လူပင်ပန်း သက်သာစွာ မိမိတို့၏ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုစီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

  • လွယ်ကူအဆင်ပြေခြင်း- မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှု ရရှိနိုင်သည့် အတွက်မိဘပြည်သူများလျှင်မြန်၊ လွယ်ကူခြင်း၊ အဆင်ပြေသက်သာခြင်း။
  • စိတ်ချရခြင်း – မိဘ၊ပြည်သူများ၏ အကောင့်များ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း များမှကင်းဝေးအောင် အဆင့်မြင့် လုံခြုံရေးစနစ်များအသုံးပြု၍ကာကွယ်ထား ခြင်းကြောင့် စိတ်ချ၊လုံခြုံမှု ရှိခြင်း။
  • သက်သာခြင်း – ဘဏ်သို့ ကိုယ်တိုင်လာရောက်ရန် မလိုသည့်အတွက်ကြောင့် အချိန်ကုန်၊ လူပင်ပန်းခြင်းမှ ကင်းဝေးခြင်း။
  • အကျိုးရှိခြင်း – အချိန်နှင့် တစ်ပြေးညီ ဘဏ်လုပ်ငန်းများလုပ်ဆောင်နိုင်ခြင်း။
  • ဝန်ဆောင်မှုများ – ဘေလ် ပေးဆောင်ခြင်းနှင့် အခြားသော ဘဏ်ဝန်ဆောင်မှုများ ထပ်မံရရှိမည်ဖြစ်သည်။
  • အသိပေးခြင်း – ဧရာဝတီဘဏ် ၏ နောက်ဆုံးသတင်းများအားသိရှိနိုင်ခြင်း။

iBanking ဝန်ဆောင်မှုသုံးစွဲနိုင်သူများ

  • တစ်ဦးချင်း
  • တွဲဖက်
  • ပုဂ္ဂလိက ကုမ္ပဏီများ
  • အသင်းအဖွဲ့၊ အဖွဲ့အစည်းများ

iBanking လျှောက်ထားရန် လိုအပ်ချက်များ

ဧရာဝတီဘဏ်၏ ကျပ်ငွေ စာရင်းအမျိုးအစား (သို့မဟုတ်) နိုင်ငံခြားငွေ စာရင်း အမျိုးအစားတစ်ခုရှိရပါမည်။
အင်တာနက်လိုင်းနှင့် Browers (Firefox, Internet Explorer or Chrome)
အင်တာနက်အသုံးပြုနိုင်သည့် PCs, Laptops, smartphone or tablets အီလက်တရောနစ် ပစ္စည်းတစ်မျိုးမျိူး။
ဘဏ်မှ iBanking အတွက် ပေးသောအမည်၊ လျှို့ဝှက်နံပါတ်၊ လုံခြုံရေးကိရိယာ (OTP- One Time Password) တို့ရှိရန် လိုအပ်ပါသည်။

iBanking, mBanking နှင့် SMSBanking ပေါ်တွင်ပြုလုပ်သော ငွေလွှဲများ၏ ငွေလွှဲနှုန်းထား

ရန်ကုန်မြို့တွင်းအခမဲ့
မန္တလေးမြို့တွင်းအခမဲ့
နေပြည်တော်ဒေသအတွင်းအခမဲ့
အထူးဒေသများ(မူဆယ်နှင့် မြစ်ကြီးနား)၀.၁၀% (အနည်းဆုံး ၂၀ဝကျပ်)
အခြားမြို့များ ဝ.ဝ၃% (အနည်းဆုံး ၂၀ဝကျပ်)
၁.၆.၂၀၁၆ မှစတင်၍ ကောက်ခံမည်ဖြစ်ပါသည်။