Loan and Advances

Loans and Advances

Lien Letter

Lien Letter မှာ ငွေချေးငှားသူမှ ငွေပေးချေရန် ပျက်ကွက်ခဲ့ပါကငွေချေးငှားသူ၏ ငွေစုစာရင်း ကိုဘဏ်မှဝင်ရောက်စွက်ဖက်ပိုင်ခွင့်ရှိသောသဘောတူညီချက် စာတမ်းဖြစ်ပါသည်။ မိမိတွင်ရှိသော အပ်ငွေစာရင်းအား စာရင်းပေါင်ထား၍ ကာလတိုချေးငွေ ရယူလိုသောသူများ အတွက် အထူးသင့် လျော်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။

 

Project Financing

Project Financing ဆိုသည်မှာ အစိုးရပရောဂျက် လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီအနေဖြင့် ပရောဂျက်လုပ်နေစဉ် ကာလအတွင်းငွေကြေးထောက်ပံ့မှုလိုသောအခါ ၄င်းပရောဂျက်၏ ဝင်ငွေထွက် ငွေ၊ ငွေဖြစ်လွယ်မူပေါ်မူတည်၍ ချေးငွေကိုထုတ်ချေးခြင်းဖြစ်သည်။

 

ငွေတောင်းခံလွှာအလိုက် ချေးငွေထုတ်ချေးခြင်း

ငွေတောင်းခံလွှာအလိုက် ချေးငွေထုတ်ချေးခြင်းဆိုသည်မှာ ကုန်ပစ္စည်းရောင်းချသူ (seller) နှင့် ကုန်ပစ္စည်းဝယ်ယူသူ(Buyer)/ ကုန်ပစ္စည်း ဖြန့်ဖြူးသူ (Distributor) တို့အကြား ချုပ်ဆိုထားသော အရောင်းစာ ချုပ်အရ အရောင်းအဝယ်ပြုလုပ်သည့် ကုန်ပစ္စည်းများ၏ ငွေတောင်းခံလွှာများကို ဘဏ်သို့တင်ပြလာပါက ယင်းငွေတောင်းခံလွှာပါ တန်ဖိုးများ(Invoice Value) ကို ငွေတောင်းခံလွှာပါ ကြွေးဆိုင်းကာလများ(Credit Term) အလိုက် (Demand Loan)ချေးငွေအဖြစ် ထုတ်ချေးပေးခြငး်ဖြစ်ပါသည်။

 

Floor Stock Financing

ဧရာဝတီဘဏ်၏ Floor Stocking Financing မှာ ကားကုမ္ပဏီများကို ဘဏ္ဍာရေးအရ အဓိကထား ထုတ်ချေးခြင်းဖြစ်သည်။ ကားကုမ္ပဏီများအနေဖြင့် ၄င်းတို့၏ ကားများကို လက်ရောက် ပေါင်၍ လိုအပ်သော ဘဏ္ဍာရေးထောက်ပံ့မှုကို ရယူခြင်းဖြစ်သည်။ ထိုသို့ဘဏ္ဍာရေးထောက်ပံ့မှုကို ရယူခြင်းဖြင့် ကုမ္ပဏီများအနေဖြင့် ပိုမိုကောင်းမွန်သော ငွေကြေးစီးဆင်းမှုကို ရရှိစေပါသည်။