Receivables Management

လက်ခံရရှိမည့် ငွေသားများ မြန်ဆန်စွာ လက်ခံရရှိပြီး မိမိ၏ ငွေစာရင်း ကို တိကျမြန်ဆန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် AYA Collection Services

AYA သည် customer များ ငွေထုတ်ယူလက်ခံမှုကိစ္စများ လျှင်မြန်လွယ်ကူစေရန်နှင့် ငွေကြေး စီးဆင်းမှုတိကျမြန်ဆန်စေရန်ရည်ရွယ်၍ အချိန်ပြည့်ဝန်ဆောင်မှုပေးကာ စနစ်တကျဖြေရှင်းပေးသည့် စနစ်ဖြင့် စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ ဧရာဝတီ ဘဏ်ခွဲများတွင် ငွေလက်ခံဆောင်ရွက်မှုများနှင့် ငွေသွင်းငွေလွှဲခြင်းကိစ္စများအား customer များမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်နိုင်သကဲ့သို့ အီလက်ထရောနစ်စနစ် ဘဏ်ဝန်ဆောင် မှုများ ဖြစ်သည့်  AYA mBanking သို့မဟုတ် AYA iBanking များမှ တစ်ဆင့်လည်း ငွေထုတ်ခြင်း၊ငွေလွှဲခြင်း ကိစ္စ များ အဆင်ပြေအောင်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးနေပါသည်။

တစ်ရက်စာငွေ လက်ခံရရှိမှုစာရင်းကို ရုံးချိန်အတွင်းလိုအပ်သည့် အချိန်အပိုင်းအခြားအလိုက် ဝန်ဆောင်မှုရရှိနိုင်ပါသည်။ ထိုတစ်ရက်စာငွေလက်ခံရရှိမှုစာရင်းကို စီးပွါးရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက် အတိုင်း ငွေလက်ခံရရှိမှုအကြိမ်တိုင်းအတွက် ပေးသွင်းမှုအကြောင်းအရာနှင့် ပေးသွင်းသူအချက်အလက်ကို ရယူထားပြီး ပြန်လည်အစီရင်ခံစာကို အချိန်သတ်မှတ်၍ ပို့ပေးပါသည်။

 ငွေလက်ခံဆောင်ရွက်မှုရရှိနိုင်သောအမျိုးအစား

  • ဘေလ်ပေးဆောင်ခြင်း ဝန်ဆောင်မှု၊
  •  ဖုန်းငွေဖြည့်ခြင်း (Top-up) ဝန်ဆောင်မှု၊
  • သတ်မှတ်ထားသော ငှားရမ်းခများ ပေးဆောင်ခြင်း ဝန်ဆောင်မှု၊

CMS ငွေလက်ခံဆောင်ရွက်ဖြေရှင်းမှုနှင့်သင့်တော်သူများ

  • အကြီးစားလက်လီ ဖြန့်ချီသူများ၊
  • ပြည်တွင်းတွင်ထောက်ပံ့သည့် စီးပွားရေးလုပ်ငန်းများ၊
  • ကုန်စည်ဖြန့်ဖြူးထုတ်လုပ်ဖြန့်ချီသည့် စားသုံးသူများ၊
  • မီတာဘေလ်နှင့် အင်တာနက်အသုံးပြုမှုပေးဆောင်ခြင်းကဲ့သို့ ဝန်ဆောင်မှုပေးခြင်းများ၊

အကျိုးကျေးဇူးများ

  • ဧရာဝတီဘဏ်ခွဲများ၏ အီလက်ထရောနစ် ကွန်ယက်များမှတစ်ဆင့် အချိန်တိုအတွင်း လျှင်မြန် လွယ်ကူစွာ  ငွေလက်ခံစီးဆင်းနိုင်မှု၊
  • အချိန်မှန်မှု၊ တိကျမှု၊ အချက်အလက်မှန်ကန်မှုတို့အား မြှင့်တင်ထားရှိခြင်းဖြင့် ပိုမိုကောင်းမွန်သော ငွေကြေးစီးဆင်းမှု ရရှိနိုင်ခြင်း၊
  • စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်၊အချိန်နှင့်လူပါဝင်လုပ်ကိုင်ရမှုကိုလျှော့ချနိုင်ခြင်း၊

စုံစမ်းရန်/ အသေးစိတ်သိရှိရန်

  • အသေးစိတ်သိရှိရန် AYA Bank သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။