AYA Payment Order

ငွေပေးအမိန့်လွှာ

အစိုးရ အဖွဲ့အစည်းတစ်ခုခုသို့ လည်းကောင်း၊ အခြား အဖွဲ့အစည်း တစ်ခုခုသို့ လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးသို့ ငွေပေးချေရာတွင် လည်းကောင်း ငွေရရှိကြောင်း ယုံကြည် စိတ်ချရသော ဘဏ်ငွေပေးအမိန့်လွှာ (PaymentOrder) များကို ဧရာဝတီဘဏ် မည်သည့်ဘဏ်ခွဲ တွင်မဆို ဝယ်ယူရရှိနိုင်ပါသည်။ ငွေပေးအမိန့်လွှာ (Payment Order) သည် ဘဏ်မဟုတ်သော တတိယလူအား သတ်မှတ်ထားသော ငွေပမာဏငွေပေးချေရန် အတွက်ထုတ်ပေးသော သာမန်ငွေပေးအမိန့်လွှာ ဖြစ်သည်။

အကျိုးကျေးဇူး

·       တရားဥပဒေနှင့် ညီညွတ်သော ငွေပေးအမိန့်လွှာဖြစ်ခြင်း။

·       မည်သည့်ဘဏ်ခွဲတွင်မဆို အသုံးပြုနိုင်ခြင်း။

·       ငွေပေးချေရန်ရှိသောသူများကို တရားဝင်ပေးဆောင်နိုင်ခြင်း။

·       အငြင်းပွားဖွယ်ရှိသော ငွေပေးချေမှုများကိုတိကျရှင်းလင်းစွာ ပေးဆောင်နိုင်ခြင်း။