Employee

၀န်ထမ်း

ဧရာဝတီဘဏ်သည် နေပြည်တော်ရုံးချုပ် ဖွင့်လှစ်မှုနှင့်အတူ ၂၀၁၀ ခုနှစ် သြဂုတ်လတွင် လုပ်ငန်းများ စတင်လည်ပတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလတွင် ဘဏ်ခွဲပေါင်း ၁၁၀ ကျော် ဖွင့်လှစ်နိုင်ခဲ့သည်အထိ ကွန်ယက်များ တဖြည်းဖြည်း ဖြန့်ကျက်နိုင်ခဲ့သည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်မှုနှင့်အတူ နိုင်ငံတဝှမ်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလကုန်တွင် ဝန်ထမ်းအင်အား ၄၂၀ဝ ကျော် ရှိသွားပြီဖြစ်သည်။ ရှေ့လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံတဝှမ်းတွင် ဘဏ်ခွဲများ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စီးပွားမိတ်ဖက်များနှင့် ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ အကောင်းမွန်ဆုံးသော  ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး စီးပွားမိတ်ဖက်များ အနေဖြင့် တိုးတက်လာသော နည်းပညာများနှင့် ထိတွေ့မှုရှိလာစေရန် မြှင့်တင်ပေးမှုများ ပြုလုပ်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဧရာဝတီဘဏ်အနေဖြင့် ဟန်ချက်ညီမှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေရန် ဘဏ်၏ အုပ်ချုပ်မှု၊ ဆုံးရှုံးနစ်နာနိုင်မှုများနှင့် ဥပဒေလေးစားလိုက်နာမှုအပိုင်းတို့ကို တိုင်းတာမှုတစ်ရပ်အနေဖြင့် ထားရှိသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်လာရေး မျှော်မှန်းချက်နှင့်အတူ ဧရာဝတီဘဏ်သည် ကျွန်ုပ်တို့၏ တိုးတက်လိုစိတ်၊ အောင်မြင်လိုစိတ်ကို မျှဝေပေးနိုင်ပြီး တိုးတက်ပြောင်းလဲမှုကို လုပ်ဆောင်ပေးနိုင်မည့် လူပုဂ္ဂိုလ်တိုင်းအား ရှာဖွေလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်ကို ထောက်ပံ့ပေးရာတွင် အဖွဲ့အစည်းအတွင်း အရေးကြီးဆုံးသော အရာမှာ “လူသားအရင်းအမြစ်” ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားသည်။ သို့ဖြစ်ပါ၍ လူသားအရင်းအမြစ်သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် ခိုင်မြဲသော ဆက်ဆံရေးတစ်ခု ဖန်တီးနိုင်ရန် အရေးကြီးဆုံးသော အရာပင်ဖြစ်ပါသည်။
ဧရာဝတီဘဏ်အနေဖြင့် ဝန်ထမ်းများနှင့် ခိုင်မြဲသော ဆက်ဆံရေး တည်ဆောက်ရာတွင် ဝန်ထမ်းများ နှစ်ခြိုက်သည့် ခွင့်ပြုချက်များနှင့် အကျိုးခံစားခွင့်များ သာမက စွမ်းဆောင်ရည် မြှင့်တင်ပေးမှုများပါ အလေးထားသည်။ အဖွဲ့အစည်းအတွင်း သင်ယူလိုစိတ်ရှိသည့် အလေ့အထကို မြှင့်တင်ပေးရာတွင် ဘဏ်မှ သင်တန်းများ ပေးခြင်းဖြင့်လည်းကောင်း၊ မိမိတို့ သင်ယူလိုသည့် အကြောင်းအရာကို တက်ရောက်ချိန်ပေးခြင်းဖြင့်လည်းကောင်း လုပ်ဆောင်ပေးသည်။ ခိုင်မြဲသော ဆက်ဆံရေး တည်ဆောက်မှု အခြားနည်းလမ်းတစ်ခုမှာ  ဝန်ထမ်းများအား ပူးပေါင်းပါဝင်စေခြင်း ဖြစ်သည်။ ဧရာဝတီဘဏ်အနေဖြင့် လက်ရှိ ကျင့်သုံးနေသော အစီအစဉ်များမှာ (ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းထားသော) ရန်ကင်းကလေးဆေးရုံတွင် အပတ်စဉ် အဖွဲ့လိုက် လုပ်အားပေးခြင်း၊ ဌာနအလိုက် ညစာစားပွဲများ ကျင်းပပေးခြင်း၊ မိမိတို့ မျှဝေချင်သော ဆောင်းပါးများဖြင့် လစဉ် သတင်းစာစဉ်များတွင် ပါဝင်စေခြင်း စသည်တို့ ဖြစ်ပါသည်။ ဧရာဝတီဘဏ်၏ လူ့စွမ်းအား အရင်းအမြစ်အဖွဲ့သည် Corporate Affaris အဖွဲ့နှင့် ပူပေါင်းကာ မဝေးတော့သည့် အနာဂတ်တွင် ဝန်ထမ်းများပါဝင်မည့် အစီအစဉ်များကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိပါသည်။

2010-1

Grievance HotLine

The objective of this procedure is to provide an opportunity for an employee to raise formally an individual grievance on matters relevant to his/her employment or conditions of service where the normal and customary channel of discussion with their direct supervisor has been unable to resolve the issue.