Environment

သဘာဝပတ်ဝန်းကျင်

ဧရာဝတီဘဏ်သည် ဘဏ်ဝန်ထမ်းများအား စာမျက်နှာ နှစ်ဖက် ပုံနှိပ်မှုစနစ်ကို အသုံးပြုရန်၊ အီလက်ထရောနစ် ဆက်သွယ်ရေးစနစ်နှင့် အီလက်ထရောနစ် အချက်အလက်သိုလှောင်မှုစနစ်ကို အတတ်နိုင်ဆုံး အသုံးပြုရန် အားပေးခြင်းဖြင့် စက္ကူအသုံးပြုမှုကို အံ့မခန်း လျှော့ချလျက်ရှိသည်။ ထို့ပြင် ဧရာဝတီဘဏ်၏ မော်တော်ယာဉ်များအားလုံးကို ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေး၊ လောင်စာဆီ သက်သာရေးနှင့် အကျိုးရှိစွာ သုံးစွဲရေးအတွက် ဝန်ထမ်းများအား မော်တော်ယာဉ် စုပေါင်းသုံးစွဲရေးမူဝါဒကိုပါ တိုက်တွန်းအားပေးလျက်ရှိသည်။ ဧရာဝတီဘဏ်တွင် မကြာသော အနာဂတ်ကာလတွင် ကျိုတိုပဋိညာဉ်စာတမ်းပါ အချက်များအား အလုံးစုံထောက်ခံအားပေးသော နည်းဗျူဟာကို ထားရှိထားသည်။
ဧရာဝတီဘဏ် တိုးတက်လာသည်နှင့်အမှ ငွေကြေးလွှဲပြောင်းမှုများလည်း တိုးတက်လာသည်။  ဧရာဝတီဘဏ်၏ နည်းဗျူဟာမှာ စီးပွားမိတ်ဖက်များနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင်  စက္ကူအိတ်အသုံးပြုမှုကို မက်လုံးပေး၍ ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေးကို အရေးတကြီး လိုအပ်ချက်အနေဖြင့် ဖော်ထုတ်ရန် ဖြစ်သည်။ ဧရာဝတီဘဏ်၏ နည်းဗျူဟာမှာ ပလတ်စတစ်အိတ် သုံးစွဲမှုကို ဖျက်သိမ်းပြီး စက္ကူအိတ်များ အသုံးပြုခြင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ ဘဏ်ခွဲများတွင် ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ ပြောင်းလဲသုံးစွဲသည့် စီးပွားမိတ်ဖက်များအား အမှတ်ပေးရန်ဖြစ်ကြောင်း ဖော်ထုတ်ရန်ဖြစ်သည်။ ယခုကဲ့သို့ လှုပ်ရှားမှုများ ဦးဆောင်လုပ်ကိုင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ကူညီရာရောက်မည်ဟု ကျွန်ုပ်တို့အနေဖြင့် လေးလေးနက်နက် ခံယူမိပါသည်။