UNGC

UNGC


ဧရာဝတီဘဏ်သည် UNGC ၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ နှစ်နှစ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် ဖွံဖြိုးတိုးတက်လာမှုနှင့်အတူ ဧရာဝတီဘဏ်သည် လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး စသည်တို့ကို လွှမ်းခြုံထားသည့် UNGC ၏ စည်းမျဉ်း ၁၀ ခုအား ခိုင်ခိုင်မာမာ ထောက်ခံလျက်ရှိပါသည်။
ဧရာဝတီဘဏ်သည် ၄င်း၏ လုပ်ငန်းတာဝန်ဖြစ်သော မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး UNGC ၏ စည်းမျဉ်းများအတိုင်း ကျေပွန်စေရမည်ဆိုသည့်အချက်ကို လစ်လျူမထားဘဲ ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများနှင့် လုပ်ငန်းကိစ္စများတွင် ထည့်သွင်းလုပ်ဆောင်လျက်ရှိသည်။
ဒုတိယအကြိမ်မြောက် ဆက်သွယ်ရေး တိုးတက်မှု အစီရင်ခံစာတွင် ကျွန်ုပ်တို့ ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များတွင် ထိုစည်းမျဉ်း ဆယ်ခုကို ထိန်းသိမ်းလျက် တိုးတက်မှု အခြေအနေအကျဉ်းချုပ်ကို တင်ပြထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြု၍ ရှယ်ယာလုပ်ငန်းရှင်များအား ယင်းသတင်းအချက်အလက်များကို ဝေဌသွားမည် ဖြစ်ပါသည်။
ဖြိုးအောင်
မန်နေးဂျင်း ဒါရိုက်တာ
ဧရာဝတီဘဏ်

UNGC စည်းမျဉ်းများ ဧရာဝတီဘဏ်၏ ရပ်တည်မှု ဧရာဝတီဘဏ်၏ လုပ်ဆောင်ချက်များနှင့် အောင်မြင်မှုများ
လူ့အခွင့်အရေး
-စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးများအရ အကာအကွယ်ပေးခြင်းကို လေးစားလိုက်နာရန်
-စီးပွားရေးလုပ်ငန်းများအနေဖြင့် လူ့အခွင့်အရေးပါ အချက်များအား ချိုးဖောက်မှု မရှိစေရန်
-ဧရာဝတီဘဏ်သည် စီးပွားမိတ်ဖက်များအပေါ်တွင် မိမိတို့၏ ဆောင်ပုဒ်ဖြစ်သော “စိတ်ချယုံကြည် ဧရာဝတီ” ဟူသော ဆောင်ပုဒ်နှင့် အညီ ထင်ဟပ်နိုင်စေရန် မြှုပ်နှံထားပြီး မိမိတို့ ဝန်ထမ်းများအပေါ်တွင် လူ့အခွင့်အရေး အခြေခံအချက်များကို လေးစားလိုက်နာပြီး မိမိဝန်ထမ်းများ၏ အလားအလာကောင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသနိုင်စေရန် အစဉ် ကြိုးပမ်းလျက်ရှိသည်။
ဧရာဝတီဘဏ်သည် အခွင့်အလမ်း တန်းတူရရှိခွင့်နှင့် လူမျိုးရေး ခွဲခြားမှုမရှိခြင်းများ အပါအဝင် ဝန်ထမ်းများအား တန်းတူဆက်ဆံရေးကို ကျင့်သုံးသလို  ကျွန်ုပ်တို့ ဝန်ထမ်းများအားလုံး တန်းတူဆက်ဆံခံရမှု၊ လေးစားခံရမှု တို့ကို  အစဉ် ဖော်ဆောင်လျက်ရှိသည်။
-ဧရာဝတီဘဏ်သည် ၄င်း၏ လုပ်ငန်းတာဝန်ဖြစ်သော မြန်မာနိုင်ငံ၏ ဦးဆောင်ဘဏ်တစ်ခုဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်နည်းတူ အများပြည်သူများအား ဝန်ဆောင်မှုကောင်းများ ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
-ဧရာဝတီဘဏ်တွင် အဖွဲ့အစည်းအတွင်း ဝန်ထမ်းများ၏ အခွင့်အရေးနှင့် အရင်းအမြစ်များ ဖော်ပြပါရှိသော ဝန်ထမ်းလက်စွဲစာအုပ်ကို ကိုယ်ပိုင်ထားရှိသည်။ ထိုဝန်ထမ်းလက်စွဲ စာအုပ်သည် ရှယ်ယာဝင်များအား ကာကွယ်မှုပေးရာတွင် အချိန်နှင့်အညီ တိကျမှန်ကန်မှုရှိစေမည့် အဖွဲ့အစည်း တိုးတက်လာမှုနှင့် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကိုပါ ထည့်သွင်းစဉ်းစားထားသည့်အချက်ကို ပေါ်လွင်စေမည့် ယေဘုယျ အချက်အလက်များကို သုံးသပ်ပြင်ဆင်၍ သင့်လျော်အောင် စီမံပြုစုထားပါသည်။ ဧရာဝတီဘဏ်၏ ဝန်ထမ်းခန့်ထားမှု ပေါ်လစီသည် ဝန်ထမ်းများအား တန်းတူဆက်ဆံခြင်းနှင့် ကျား/မ သို့မဟုတ် လူမျိုးရေး ကွဲပြားမှုပေါ်တွင် အခြေခံသော ခွဲခြားဆက်ဆံမှုများ မရှိရေးကိုပါ  အလေးထားသည်။
-ဧရာဝတီဘဏ်သည် အလုပ်ခွင်၌ ဝန်ထမ်းများ တန်းတူညီမျှရှိရေး အလေးထားပြီး လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ကွဲပြားခြားနားခွင့် ရှိနေရးတို့ကို မြှင့်တင်ပေးသည်။ ဝန်ထမ်းများကြားတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ရပ်တစ်စုံတစ်ရာနှင့် ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်းများ ပြုနိုင်သည်။ ဝန်ထမ်းများ အကြောင်းအမျိုးမျိုးကြောင့် မကျေနပ်ပါက တိုင်ကြားနိုင်ရန်အတွက် စာတိုက်ပုံးတစ်ခုနှင့်  staffcommittee@ayabank.com.mm သို့ တောင်းဆိုမှုများ၊ တုံ့ပြန်မှုများ၊ မေးမြန်းစရာများ နှင့် နစ်နာစေသည့် အကြောင်းအချက်များ ပေးပို့နိုင်ပါသည်။
-ဧရာဝတီဘဏ်၏ စီးပွားရေး ဗျူဟာများအတွင်း UNGC ၏ စည်းမျဉ်းများအတိုင်း ဖော်ဆောင်ရာတွင် ဧရာဝတီဘဏ်သည် ကျောင်းများသို့ သွားရောက်၍ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ပတ်သက်သော ဆွေးနွေးပွဲများ ကျင်းပခြင်း၊ တိုင်းပြည်၏ စီးပွားရေးတွင် အထောက်အကူပြုစေရန်အတွက် ကျောင်းသားများ ငယ်စဉ်ကတည်းကပင် ငွေစုတတ်သော အလေ့အကျင့်ရရှိရန် ကျောင်းသားကဒ် (ATM card)  ထုတ်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ ယခုနှစ်အတွင်း တက္ကသိုလ် ခြောက်ခုသို့ သွားရောက်ကာ ကဒ်ပေါင်း ၃၀ဝ၀ နီးပါး ဘဏ်စာရင်း ဖွင့်ပေးနိုင်ခဲ့သည်။
အလုပ်သမား စံနှုန်းများ
-စီးပွားရေးလုပ်ငန်းများအနေဖြင့် အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လုပ်ခနှင့် လုပ်ငန်းခွင် အခြေအနေများနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် ဝန်ထမ်းများအကြား စေ့စပ်ညှိုနှိုင်းခွင့်အား ထိရောက်စွာအသိအမှတ်ပြုရေးကို ထိန်းသိမ်းထားရှိသင့်သည်။
-အလုပ်သမားများအား အတင်းအဓမ္မခိုင်းစေမှုများ မရှိစေရန်
-ကလေးလုပ်သားများ လုံးဝ မရှိစေရန်
-အလုပ်အကိုင်၊ ရာထူးနေရာနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံမှုအား ဖျက်သိမ်းရန်
-ကျွန်ုပ်တို့ဘဏ်တွင် ဝန်ထမ်းအင်အား ၃၀ဝ၀ ကျော်ရှိပြီး ဝန်ထမ်းများအတွက် ထိုက်တန်သော အလုပ်အကိုင် ပတ်ဝန်းကျင်တခု ဖြစ်ပေါ်လာစေရေးအတွက်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
-ဧရာဝတီဘဏ်သည် ပွင့်လင်းမြင်သာမှုရှိရေးကို အလေးထားပြီး မိမိ၏ အမြဲတမ်း ဝန်ထမ်းများအား ဝန်ထမ်းများ၏ စည်းမျဉ်းစည်းကမ်းများ၊ အခွင့်အရေး နှင့် စည်းကမ်းပိုင်းဆိုင်ရာ အချက်များ စသည်တို့ ဖော်ပြပါရှိသော သဘောတူညီမှုစာချုပ်ကို ကမ်းလှမ်းထားရှိသည်။
-ဧရာဝတီဘဏ်သည် ၂၀၁၄ သြဂုတ်လအထိ နိုင်ငံတဝှမ်း ဘဏ်ခွဲပေါင်း ၇၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ထမ်းများမှာ မတူညီသော နယ်ပယ်အသီးသီးမှ ဖြစ်သည်။ ဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်း တိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတဝှမ်းရှိ ဝန်ထမ်းများအား မြှင့်တင်ပေးရန် အရည်အသွေးမြှင့်တင်မှု သင်တန်းများ စဉ်ဆက်မပြတ် ပေးလျက်ရှိသည်။
-ဧရာဝတီဘဏ်သည် အထူးသဖြင့် ဘဏ်အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ကလေးလုပ်သား မရှိခြင်း သို့မဟုတ် ကလေးသူငယ်များအား အတင်းအကြပ် စေခိုင်းခြင်းများ မရှိစေရေး စသည့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ မြှင့်တင်နိုင်ရန် ကျင့်ဝတ်စည်းကမ်းတစ်ရပ် အနေဖြင့် အကောင်အထည်  ဖော်ဆောင်လျက်ရှိသည်။
သဘာဝပတ်ဝန်းကျင်
-စီးပွားရေးလုပ်ငန်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကြိုတင် ကာကွယ်ရေး ချဉ်းကပ်နည်းဖြင့် ထောက်ပံ့ပေးသင့်သည်။
-သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြှင့်တင်ပေးသော လုပ်ငန်းရပ်များ တာဝန်ယူလုပ်ဆောင်ရန်
-ဖွံဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော နည်းပညာရပ်များကို အားပေးရန်
-ဧရာဝတီဘဏ်သည် လုပ်ငန်းအတွင်းနှင့် မိမိတို့၏ စီးပွားမိတ်ဖက်များအား အကျိုးဖြစ်ထွန်းမှု ပိုများမည့် နည်းလမ်းသစ်များ အသုံးပြု၍ လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အဖွဲ့အစည်းအနေဖြင့် သဘာဝပတ်ဝန်းကျင် အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုကိုပါ လျှော့ချနိုင်လာသည်။ -ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံတွင် Centralized Core Banking စနစ်ကို ပထမဦးဆုံး စတင် အကောင်အထည် ဖော်ခဲ့ပြီး  ဘဏ်လုပ်ငန်း ကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ရာတွင် ဖက်စ် အသုံးပြုမှုနှင့် စက္ကူစာရွက်များ အသုံးပြုမှုကို သိသာစွာ လျှော့ချပေးနိုင်သည်။
-၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ထို Centralized Core Banking စနစ်ကို လုပ်ဆောင်ချက်များ ထပ်မံမြှင့်တင်ခဲ့ရာ လယ်ဂျာအသုံးပြုမှုကို လုံးဝ ရပ်ဆိုင်းနိုင်ခဲ့ပြီး  ထိရောက်မှုအားဖြင့် ၁၆% ထိ လျှော့ချနိုင်ခဲ့သည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး
-စီးပွားရေးလုပ်ငန်းများအနေဖြင့် အတင်းအဓမ္မတောင်းယူမှုနှင့် လာဘ်ပေးလာဘ်ယူမှု အပါအဝင် အကျင့်ပျက်ခြစားမှုအားလုံးကို ဆန့်ကျင်ရမည်။
-ဧရာဝတီဘဏ်သည် ဝန်ထမ်းများ၏ စည်းလုံးမှုကို အလေးထားသည့်အနေဖြင့် ဝန်ထမ်းများ၊ စီးပွားမိတ်ဖက်များနှင့် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမရှိသည့် ကြားလူများအကြား ပွင့်လင်းမြင်သာသော ဆက်ဆံရေးကို အလွန် အလေးထားသည်။ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသော ကြားလူများအတွက် လာဘ်ပေးလာဘ်ယူမှုကို လက်ခံခြင်း သို့မဟုတ် တောင်းခံခြင်း သို့မဟုတ် ကြားဝင်ဆောင်ရွက်ပေးခြင်းများ မပြုလုပ်ပါ။ အလုပ်ကိစ္စနှင့် စပ်လျဉ်း၍ လက်ဆောင်ပဏ္ဍာ လက်ခံခြင်းများ သို့မဟုတ် ပေးခြင်းများ မပြုလုပ်ပါ။ ဧရာဝတီဘဏ်သည် ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံသော အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုကို ဖော်ဆောင်ထားသည်။ အကျင့်ပျက်ခြစားမှုနှင့်ဆိုင်သော မူဝါဒများနှင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများအား အဆင့်မီ ရုံးတွင်းသုံး ဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြု၍ ဝန်ထမ်းများအား ရှင်းလင်းစွာ ပြောကြားထားပြီး ဖြစ်သည်။
-ဧရာဝတီဘဏ်တွင် အုပ်ချုပ်မှုခေါင်းဆောင်ပိုင်းနှင့် ဝန်ထမ်းများကြား ဝေဖန်စာများနှင့် အကြံပြုစာများအတွက် ထိရောက်သော ဆက်သွယ်ရေးစနစ်ကို ထားရှိပေးထားပြီး ဝန်ထမ်းများအား စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးခြင်းပါ ထားရှိသည်။
-ဧရာဝတီဘဏ်၏ Corporate Affairs အဖွဲ့အနေဖြင့် အုပ်ချုပ်ရေးအဖွဲ့နှင့် ရုံးတွင်းစာရင်းစစ်အဖွဲ့တို့နှင့် လက်တွဲပူးပေါင်းကာ မိမိတို့အဖွဲ့အစည်းအတွင်း မရိုးဖြောင့်မှု၊ အကျင့်ပျက်ခြစားမှုများမရှိစေရန် ရှောင်တခွင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
-ဧရာဝတီဘဏ်သည် ကုန်ပစ္စည်း တင်သွင်းသူ ကွန်ယက်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်နိုင်ရန် ကော်မတီများနှင့် လမ်းညွှန်ချက်များ ထားရှိသည်။