Stakeholder MM

ရှယ်ယာရှင်များ

ဧရာဝတီဘဏ်သည် ရှယ်ယာရှင်များအတွက် အကျိုးအမြတ်ရရှိအောင် ကြိုးပမ်းလျှက်ရှိရာ နိုင်ငံနှင့်တဝှမ်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးတက်လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ ရေရှည်မတည် အရင်းအနှီးများကို တိုးချဲ့လျက်ရှိရုံသာမက ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပြည်တွင်းပဋိပက္ခများကြောင့် ဒုက္ခရောက်ရသူများ (ရခိုင် နှင့် ကချင်) ကို အကူအညီပေးရေး စသည့် လူမှုရေးအကျိုးပြုလှုပ်ရှားမှုများကိုပါ အားပေးလုပ်ဆောင်လျက်ရှိသည်။ ဧရာဝတီဘဏ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိရာ နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နိုင်ငံတော်အား အခွန်ငွေများပေးသွင်းခြင်း၊ အများပြည်သူကြား ဘဏ်လုပ်ငန်းအသုံးပြုမှု တွင်ကျယ်လာအောင် အားပေးလုပ်ဆောင်ခြင်းနှင့် နိုင်ငံတစ်ဝှမ်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများမှ အသားတင်ပြည်တွင်းထုတ်လုပ်မှု (GDP) တွက်ချက်မှုတွင် ပါဝင်ကူညီလျက်ရှိသည်။