ANNOUNCEMENTS

သုံးစွဲသူ မိတ်ဆွေများအား အသိပေးခြင်း
INTEGRITY IS EVERYONE’S RESPONSIBILITY

Posted on October 12, 2023

AYA Bank သည် သုံးစွဲသူမိတ်ဆွေများအားလုံးအတွက် အစဉ်ကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိပါတယ်။ ဘဏ်အတွင်းအောက်ပါဖောက်ဖျက်ကျူးလွန်မှုများ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးအပ်ပါတယ်။

•    ရာခိုင်နှုန်းဖြင့် အကျိုးအမြတ်ယူ၍ ငွေသားထုတ်ပေးခြင်းများ၊
•    ဘဏ်အကောင့်ထဲရှိ အပ်နှံထားသည့်ငွေများနှင့် ဘဏ်ပြင်ပရှိငွေသားများ လဲလှယ်ထုတ်ပေးခြင်းများ၊
•    ဘဏ်ဝန်ဆောင်ခ နှုန်းထားများအပြင် ရာခိုင်နှုန်းဖြင့် အခကြေးငွေများ ကောက်ယူခြင်းများရှိပါက AYA Bank Contact Center သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

AYA Bank Contact Center - 01-2317777
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဖုန်း - 067-418505