Received a text requesting your account PIN (or) OTP?
Scammers may impersonate AYA Bank to target you via text message or social media or e-mail. We will never contact you to ask for your account number, name, address, PIN or OTP. If in doubt, don't respond - call us (+95) 1 231 7777 (or) e-mail us info@ayabank.com.
PERSONAL BANKING
BUSINESS BANKING
DIGITAL SERVICES
Match your needs with our comprehensive personal borrowing plan
Match your needs with our comprehensive personal borrowing plan
Let us guide you what you are looking for your business
Let us guide you what you are looking for your business
ATM / Branch / FX Counter Locator
ATM / Branch / FX Counter Locator
INSIGHTS
Keep pace with AYA Bank news and update
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အများပြည်သူသို့ အောက်ပါအတိုင်း အသိပေးကြေငြာခဲ့ပါသည်။
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျော့ချနိုင်ရေးနှင့် ဒီဂျစ်တယ်ငွေပေးချေ မှုများ ပိုမိုတိုးတက်အသုံးပြုရေးနှင့် လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေများအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် မိုဘိုင်းငွေပေးချေမှု နည်းလမ်းများသုံးစွဲမှု များပြားလာပါသည်။ ထိုသို့ သုံးစွဲလျက်ရှိသည့်အတွက် မသမာသူများမှလည်း မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လိမ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူ စုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ် (Password) များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများ နှင့် ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက် လာကြကြောင်း တွေ့ရှိရပါသည်။
၃။ မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုပုံစံများကို သိရှိနိုင်စေရန်၊ သတိပြုကာကွယ်နိုင်စေရန်နှင့် လိမ်လည်ခံရပါကလည်း ငွေကြေးများဆုံးရှုံးမှု မရှိစေရန်အတွက် ဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများ၏ Website ၊ Application ၊ Social Media များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် အများပြည်သူများသို့ အသိပေး ဆောင်ရွက်လျက်ရှိ သကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း မိုဘိုင်းပေးပေးချေမှုများမှတစ်ဆင့် ငွေကြေး လိမ်လည်မှုများတားဆီးရေး အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်၍ ဆောင်ရန် ရှောင်ရန်နည်းလမ်းများအား အသိပေးလျက်ရှိပါသည်။
၄။ မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် နည်းပညာအသုံးပြု လိမ်လည်ခြင်းများကြောင့် ဆုံးရှုံးမှုမရှိစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးလုပ်ငန်းများ ကိုသာ အသုံးပြုကြပါရန် ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိမှတ်ပြု မှတ်ပုံတင် ထားသည့် SIM Card များကိုသာ အသုံးပြုကြပါရန်နှင့် အောက်ပါအချက်များကို မပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်-
(က) မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန်နှင့် အများ ပြည်သူကြည့်ရှုနိုင်သည့်နေရာများတွင် ဖော်ပြခြင်းမပြုရန်(ဥပမာ၊ Social Media များ)
(ခ) မိမိ၏ OTP Code နှင့် လုံခြုံရေးနံပတ် (Password) များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊
(ဂ) မသမာသူများမှ မိမိ၏ကိုယ်ရေးအချက်အလက်များအား ရယူရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း၊ လင့် (Link) များ ပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေးခြင်းများ လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊
(ဃ) လိမ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ (Call Centre) သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်၊
၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေပေးချေဝန်ဆောင်မှုလုပ်ငန်းများ စနစ် တကျရှိစေရေးနှင့် ဆုံးရှုံးနိုင်ခြေကာကွယ်နိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိ ပါ သည်။ ထို့အပြင် နိုင်ငံတော်အစိုးရ ကဖွဲ့စည်းပေးထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ စောင့်ကြည့်ထိန်းကျောင်းခြင်းအပြင် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအား အသုံးပြုပြီးလိမ်လည်မှုဖြစ်ပွားပါက လိမ်လည်ခံရသူများမှတိုင်ကြားနိုင်ရေးစံလုပ်ငန်း စဉ်( SOP ) ကိုလည်း ထုတ်ပြန်ထားပါသည်။ သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ် (Password) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်း ဖြင့် ရရှိခြင်းကြောင့်ဖြစ်ပွားသည့် လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိပါသည်။ တာဝန်ရှိသူများအနေဖြင့် လိမ်လည်မှု ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလည်း ပူးပေါင်း စိစစ်ဖော်ထုတ်လျက်ရှိပြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၃၁-၁၂-၂၀၂၄)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် မူရင်းကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
CORPORATE NEWS |03 Jan 2025
AYA Bank Profile
Meet Our Leaders
Corporate Strategy
Reports
Help & Support
Get in Touch
Mobile Banking
Internet Banking
Corporate Internet Banking
Royal Banking
Currency Exchange Rate
Security Advices for Digital Services (Myanmar Version)
Whistleblower - Report Breaches
No. 416, Mahabandoola Road, Kyauktada Township, Yangon, Myanmar.
Please click "Accept all cookies" to continue to enjoy our website with all cookies or click "Manage Cookies Settings" to manage your cookie preferences.
By clicking “Accept all cookies”, you agree to the storing of cookies on your device to enhance site navigation, analyze site usage, and assist in our marketing efforts. If you would like to know more take a look at our Privacy Notice and Cookies Policy