သုံးစွဲသူ Customers များ၏ လုံခြုံမှုသည် အဓိက

ဧရာဝတီဘဏ်သည် ဘဏ်၏ဝန်ဆောင်မှုထုတ်ကုန်များမှတဆင့် ပေါ်ပေါက်လာသော လုံခြုံရေးချိုးဖောက်မှုနှင့် လိမ်လည်မှုများ၏အန္တရာယ်မှ အတတ်နိုင်ဆုံး ကာကွယ်ပေးရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပိုမိုထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်အတွက် သုံးစွဲသူ Customers များအနေနှင့် အောက်ပါအချက်များအား သိရှိနားလည်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

၁) အွန်လိုင်းဘဏ်လုပ်ငန်းအတွက်လိုက်နာရန် လိုအပ်သော လုံခြုံရေး အကြံပြုချက်များ

  • သင်၏ OTP ကုဒ် (One-time Password) သို့မဟုတ် တစ်ခါသုံးလျှို့ဝှက်နံပါတ် ကို မည်သူနှင့်မျှ မမျှဝေပါနှင့်။
  • သင်၏ ကိုယ်ပိုင်စက်ပစ္စည်းဖြင့်သာ အွန်လိုင်းဘဏ်လုပ်ငန်းကို မှတ်ပုံတင်ပြီး သင်အဝေးရောက်နေချိန်တွင် သင့်ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းကို အမြဲလော့ခ်ချထားပါ။
  • အကောင့်ဝင်ရန် အများသူငှာ ကွန်ပျူတာများကို မသုံးပါနှင့်။
  • အကောင့်ဝင်ရန်အချက်အလက် သို့မဟုတ် စကားဝှက်ကို မသိမ်းဆည်းပါနှင့်။
  • အွန်လိုင်းဘဏ်လုပ်ငန်းပြီးသည်နှင့် စနစ်မှထွက်ရန်သတိရပါ ၊ browser ကို ပိတ်ရန် မမေ့ပါနှင့်။
  • စာလုံးအကြီးနှင့် အသေး၊ နံပါတ်များနှင့် အထူးအက္ခရာများပါရှိသော ခိုင်မာသော စကားဝှက်ကို အသုံးပြုသည့် အလေ့အကျင့်ကို လိုက်နာပါ။
  • သင့်စကားဝှက်ကို တစ်စုံတစ်ဦးက ထုတ်ဖော်ရန် ကြိုးပမ်းထားကြောင်း သံသယရှိပါက ချက်ချင်းပြောင်းပါ။
  • သင်၏အွန်လိုင်းဘဏ်စာရင်းသို့ မကြာခဏဝင်ရောက်ကာ ငွေလွှဲ၊ ငွေပေးချေမှု၊ ငွေထုတ်ယူမှုများကို ပြန်လည်စစ်ဆေးခြင်းဖြင့် သင်၏ဘဏ်စာရင်းကို စောင့်ကြည့်ပါ။
  • သင်၏ဘဏ်စာရင်းကို မကြာခဏစစ်ဆေးပါ။ သင့်အကောင့်တွင်ဖြစ်ပျက်နေသည်များကိုခြေရာခံရန် စာတိုဝန်ဆောင်မှု(SMS Alert Service) သတိပေးချက်ကိုသုံးပါ။
  • အကယ်၍ သင်သည် သံသယဖြစ်ဖွယ် ဆက်သွယ်ရေးကို လက်ခံရရှိပါက သို့မဟုတ် သံသယဖြစ်ဖွယ် ငွေသွင်းငွေထုတ်ယူမှုများကို တွေ့ရှိပါက ဧရာဝတီဘဏ်၏ Call Center 01-2317777 (သို့မဟုတ်) အနီးဆုံးဘဏ်ခွဲတွင် တာဝန်ခံနှင့် တိုင်ပင်ဆွေးနွေးပါ။

၂) ဒစ်ဂျစ်တယ်ငွေပေးချေမှုများ (သို့မဟုတ်) ငွေသွင်းငွေထုတ်ယူမှုများအတွက် လိုက်နာရန် လိုအပ်သော အကြံပြုချက်များ

  • သင်၏ PIN (Personal Identification Number) သို့မဟုတ် ကိုယ်ပိုင်လျှို့ဝှက်နံပါတ် ကို မည်သူနှင့်မျှ မမျှဝေပါနှင့်။
  • သင်၏ ဂဏန်း (၁၆) လုံးပါ ကတ်နံပါတ် သို့မဟုတ် သင့်ကတ်၏ ဓာတ်ပုံကို မည်သူနှင့်မျှ မမျှဝေပါနှင့်။
  • သင့်ကတ်များကို ငွေသားကဲ့သို့ ကာကွယ်ပါ။
  • ခရက်ဒစ်ကတ် / ဒက်ဘစ်ကတ် / ကြိုတင်ငွေပေးကတ်ကို သုံးရန် သင်၏ PIN ကို အလွတ်ကျက်ပါ။ အထူးသဖြင့် ကတ်ပြားပေါ်တွင် မည်သည့်နေရာတွင်မျှ မရေးပါနှင့်။
  • သင်၏ ခွင့်ပြုချက်မရှိသည့် ငွေပေးချေမှုများကို တတ်နိုင်သမျှ အမြန်ဆုံးအတည်ပြုရန် ငွေပေးငွေယူသတိပေးချက်များကို အနီးကပ်စောင့်ကြည့်ပါ။
  • ကတ်များကိုအသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ/ ငွေပေးငွေယူများ သတိထားသင့်သော နေရာသုံးမျိုး -
    • ATM (Automatic Teller Machine) - သင့်ကတ်နှင့် အချက်အလက်များကို လုံခြုံသော ပတ်ဝန်းကျင်တွင်သာ ထည့်သွင်းပါ။ ငွေလက်ခံဖြတ်ပိုင်းများ သို့မဟုတ် ငွေပေးငွေယူမှတ်တမ်းများကို မထားခဲ့ပါနှင့်။
    • အွန်လိုင်းမှဝယ်ယူခြင်း - ယုံကြည်ရသော ဝဘ်ဆိုဒ်ကို အသုံးပြုပါ။ ငွေပေးငွေယူများအတွက် သီးသန့် window ကို အသုံးပြုပါ။ အွန်လိုင်းတွင် ဝယ်ယူမှုများပြုလုပ်သောအခါတွင် သင်၏ဒက်ဘစ်/ခရက်ဒစ်ကတ် အသေးစိတ်အချက်အလက်များကို မသိမ်းဆည်းထားကြောင်း သေချာအောင်စစ်ဆေးပါ။
    • ဆိုင် သို့မဟုတ် စားသောက်ဆိုင် သို့မဟုတ် ဓာတ်ဆီဆိုင် - ငွေပေးချေမှုပြုလုပ်သည့်အခါ သင့်ကတ်ကို စောင့်ကြည့်ပါ။ သင့်လက်မှတ်မထိုးမီ အရောင်းဘောက်ချာများကို မှန်ကန်သော ဝယ်ယူမှုပမာဏသေချာအောင် အမြဲစစ်ဆေးပါ။
  • သင်၏ ကတ်ပျောက်ဆုံးခြင်း (သို့မဟုတ်) ခိုးယူခံရပါက ဧရာဝတီဘဏ်၏ Call Center (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲသို့ ချက်ချင်း တိုင်ကြားပါ။

၃) လိမ်လည်သော အီးမေးလ်များ (သို့မဟုတ်) မက်ဆေ့ချ်အတုများ၊ Application အတု များ

လိမ်လည်မှုများကို သတိထားပါ။ အီးမေးလ်များ (သို့မဟုတ်) မက်ဆေ့ချ်အတုများ ပေးပို့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သင့်ဘဏ်စာရင်း၏ အသေးစိတ်အချက်အလက်များကို ခိုးယူရန်ဖြစ်သည်။ လိမ်လည်သူများသည် ဧရာဝတီဘဏ်၏ ဝန်ဆောင်မှုများ/ဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ သင့်ဘဏ်အကောင့်နှင့် သက်ဆိုင်သည့် သင်၏ တစ်ခါသုံးလျှို့ဝှက်နံပါတ် (သို့မဟုတ်) စကားဝှက် (သို့မဟုတ်) အခြား ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မေးမြန်းသော မက်ဆေ့ချ်များ ပေးပို့မည်ဖြစ်ပါသည်။

တနည်းအားဖြင့် ၎င်းတို့သည် သင့်အား ဝဘ်ဆိုဒ်အတုတစ်ခုသို့ ခေါ်ဆောင်သွားမည့် လင့်ခ်တစ်ခုကို အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ပြီး ကတ်အသေးစိတ် သို့မဟုတ် ဘဏ်စာရင်းအသေးစိတ်ကဲ့သို့ သင်၏ အရေးကြီးအချက်အလက်များကို ပေးခိုင်းမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤအထောက်အထားများကို အခြားတစ်ဦးတစ်ယောက်အား ပေးလိုက်ပါက သင့်အကောင့်မှ ငွေများကို ထုတ်ယူသွားမည်ဖြစ်ပါသည်။

Application အတု များ သည် သင့်၏ ငွေကြေးဆိုင်ရာသတင်းအချက်အလက်များ များခိုးယူနိုင်သောကြောင့် သတိထားရန် လိုအပ်ပါသည်။ Play Store နှင့် App Store များမှ တရားဝင် Application များရယူခြင်းဖြင့် ကာကွယ်နိုင် ပါသည်။

ဧရာဝတီဘဏ်သည် OTP ၊ PIN ၊ CVV နံပါတ် ကဲ့သို့သော အထောက်အထားများ သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာ အထောက်အထားများကို ဘယ်သောအခါမှ အီးမေးလ် (သို့မဟုတ်) မက်ဆေ့ချ် (သို့မဟုတ်) ဖုန်း မှတဆင့် တောင်းမည်မဟုတ်ကြောင်း သတိရပါ။