Received a text requesting your account PIN (or) OTP?
Scammers may impersonate AYA Bank to target you via text message or social media or e-mail. We will never contact you to ask for your account number, name, address, PIN or OTP. If in doubt, don't respond - call us (+95) 1 231 7777 (or) e-mail us info@ayabank.com.
PERSONAL BANKING
BUSINESS BANKING
DIGITAL SERVICES
ဘဏ်ဝန်ဆောင်မှုပိုင်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက AYA Bank Contact Center - 01-2317777 (သို့) AYA Pay 01-4705777 ကို ဆက်သွယ်နိုင်ပါတယ်။ ကျန်ရှိသော မြို့များတွင် ပုံမှန်အတိုင်း ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ရယူနိုင်ကြောင်း အသိပေးအပ်ပါတယ်။
Match your needs with our comprehensive personal borrowing plan
Match your needs with our comprehensive personal borrowing plan
Let us guide you what you are looking for your business
Let us guide you what you are looking for your business
ATM / Branch / FX Counter / xCounter Locator
ATM / Branch / FX Counter / xCounter Locator
INSIGHTS
Keep pace with AYA Bank news and update
AYA Bank အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် ငွေကြေးဆိုင်ရာအချက်အလက်များ၏ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှုကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
AYA Bank သုံးစွဲသူ များ၏ အချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် လုံခြုံရေးစနစ်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးခြင်းများနှင့် လိုအပ်သော လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အစဉ်မပြတ် ပြုလုပ်လျက်ရှိပါသည်။
လတ်တလောတွင် AYA Bank သုံးစွဲသူများ၏ အချက်အလက်များနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သတင်းအချက်အလက်များအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ရာ AYA Bank ၏ လုံခြုံရေးစနစ်များအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း သို့မဟုတ် အချက်အလက်ပေါက်ကြားမှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။
ထို့ကြောင့် သုံးစွဲသူများအနေဖြင့် AYA Bank နှင့် AYA Pay ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဆက်လက်အသုံးပြုနိုင်ပါကြောင်း အလေးအနက် အသိပေးအပ်ပါသည်။
ထို့အပြင် မိမိတို့၏ AYA Bank Account နှင့် AYA Pay Account ဆိုင်ရာ အချက်အလက်များအား ခွင့်ပြုချက်မရှိသူများထံသို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ လုံခြုံရေးဆိုင်ရာ အချက်များကို အထူးဂရုပြုလိုက်နာပေးပါရန် တိုက်တွန်းအပ်ပါသည်။
သံသယဖြစ်ဖွယ် Link များကို မနှိပ်ပါနှင့် – မိမိသိကျွမ်းသူများထံမှ ပေးပို့လာသော Message များဖြစ်စေ၊ မသိသူများထံမှ ပေးပို့လာသော Message များဖြစ်စေ သံသယဖြစ်ဖွယ် Link များကို မနှိပ်ပါနှင့်။
- Application များကို နောက်ဆုံး Version သို့ အမြဲတမ်း Update ပြုလုပ်ပါ
- AYA Mobile Banking နှင့် AYA Pay Application များကို နောက်ဆုံး Version သို့ အမြဲတမ်း Update ပြုလုပ်ထားပါ။
- လျှို့ဝှက်အချက်အလက်များကို မည်သူ့ကိုမျှ မမျှဝေပါနှင့်
- မိမိ၏ PIN၊ Password နှင့် OTP များကို မည်သူ့ကိုမျှ မပြောပြပါနှင့်။
- AYA Bank ဝန်ထမ်းများအနေဖြင့် အဆိုပါ လျှို့ဝှက်အချက်အလက်များကို Customer များထံမှ တောင်းခံမည်မဟုတ်ပါ။ထို့အပြင် သံသယဖြစ်ဖွယ် Link သို့မဟုတ် Website များတွင် အဆိုပါအချက်အလက်များကို ထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။
သံသယဖြစ်ဖွယ် အခြေအနေများ ကြုံတွေ့ပါက
မိမိ၏ အကောင့် သို့မဟုတ် ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အခြေအနေတစ်စုံတစ်ရာ ကြုံတွေ့ပါက အောက်ပါ Hotline များသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးအပ်ပါသည်။
AYA Bank Hotline – 01-2317777
AYA Pay Hotline – 01-4705777
ထို့အပြင် AYA Pay Application ရှိ Live Chat မှတစ်ဆင့်လည်း အကူအညီရယူနိုင်ပါသည်။
Customer များ၏ လုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှုသည် AYA Bank ၏ အဓိကဦးစားပေးဖြစ်ပါသည်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner
(Unofficial Translation)
Security Awareness Announcement for AYA Bank Customers
To Our Valued AYA Bank Customers,
AYA Bank puts the security and protection of our customers’ information as a top priority.
We continuously conduct real-time security checks, and we remain committed to protecting our customers' financial and personal information at all times. Based on our investigations on the recent news related to AYA Bank's customer data, there has been no breach or unauthorised access into AYA Bank’s security systems. We would like to assure our customers and the public that they can continue using our services with full confidence and peace of mind.
To prevent the information associated with your AYA Bank Account and AYA Pay account from falling into the hands of unauthorised individuals, we strongly encourage you to take special note of the following:
• Avoid suspicious links – Do not click on suspicious links sent to you, even from messages received from known contacts.
• Always update your apps – Keep the AYA Mobile Banking and AYA Pay apps updated to the latest versions.
• Never share confidential information – Do not disclose your PIN, password, or OTP to anyone. AYA Bank employees will never request such confidential information. Do not enter these details into suspicious links or websites.
⚠️ If you encounter any suspicious situation, especially with your accounts or personal information, please immediately contact the AYA Bank Hotline at 01-2317777 or the AYA Pay Hotline at 01-4705777. You can also seek assistance through the Live Chat feature in the AYA Pay app.
AYA Bank – Your Trusted Partner
ANNOUNCEMENTS |27 Aug 2026
မြန်မာနှစ်သစ်ကူးပိတ်ရက် အသိပေးကြေငြာချက်
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက် မှ (၁၉) ရက်အထိသည် “မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ” ဖြစ်ပါသဖြင့် ဧရာဘဏ်ရုံးချုပ် နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
သင်္ကြန်ပိတ်ရက်များအတွင်း ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အသုံးပြုနိုင်မှာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက AYA Contact Center 01-2317777 သို့ ဆက်သွယ်နိုင်ပါတယ်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner
AYA Bank Profile
Meet Our Leaders
Corporate Strategy
Reports
Archive
Help & Support
Get in Touch
Mobile Banking
Internet Banking
Corporate Internet Banking
Royal Banking
Currency Exchange Rate
Digital Services Security Advices
Whistleblower - Report Breaches
No. 416, Mahabandoola Road, Kyauktada Township, Yangon, Myanmar.
Please click "Accept all cookies" to continue to enjoy our website with all cookies or click "Manage Cookies Settings" to manage your cookie preferences.
By clicking “Accept all cookies”, you agree to the storing of cookies on your device to enhance site navigation, analyze site usage, and assist in our marketing efforts. If you would like to know more take a look at our Privacy Notice and Cookies Policy