Corporate News

Corporate News    Year:2025

On 24th January 2025, AYA Pay and AYA Bank teams took to the streets for our first ever AYA Pay Day event. Our objective was simple yet impactful: to connect directly with users, merchants, and agents, gathering valuable insights to enhance their experience with AYA Pay.

Our community visit provided us a great opportunity to

    • Engage with the public through interactive questionnaires.
    • Form dynamic teams to connect with over 1,000+ individuals.
    • Strengthen partnerships with merchants and agents.

Understanding the needs of our users and business partners is at the core of our mission. Initiatives like AYA Pay Day help us bridge the gap between technology and customer needs, bringing us closer to empowering financial inclusion across Myanmar.

Appreciation goes to our team for their hard work and passion, and to everyone who participated for sharing thoughts and ideas with us. We’re excited to apply these insights and continue building the future of digital payments together. There are many more upcoming AYA Pay Day deployments to other communities around the country.

31 Jan 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အများပြည်သူသို့ အောက်ပါအတိုင်း အသိပေးကြေငြာခဲ့ပါသည်။

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျော့ချနိုင်ရေးနှင့် ဒီဂျစ်တယ်ငွေပေးချေ မှုများ ပိုမိုတိုးတက်အသုံးပြုရေးနှင့် လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေများအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။    ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် မိုဘိုင်းငွေပေးချေမှု နည်းလမ်းများသုံးစွဲမှု များပြားလာပါသည်။ ထိုသို့ သုံးစွဲလျက်ရှိသည့်အတွက် မသမာသူများမှလည်း မသိနားမလည်သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လိမ်လည်လှည့်ဖြားမှုနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူ စုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေးနံပါတ် (Password) များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများ နှင့် ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက် လာကြကြောင်း တွေ့ရှိရပါသည်။

၃။  မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုပုံစံများကို သိရှိနိုင်စေရန်၊ သတိပြုကာကွယ်နိုင်စေရန်နှင့် လိမ်လည်ခံရပါကလည်း ငွေကြေးများဆုံးရှုံးမှု မရှိစေရန်အတွက် ဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်လုပ်ငန်းများ၏ Website ၊ Application ၊ Social Media များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် အများပြည်သူများသို့ အသိပေး ဆောင်ရွက်လျက်ရှိ သကဲ့သို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း မိုဘိုင်းပေးပေးချေမှုများမှတစ်ဆင့် ငွေကြေး လိမ်လည်မှုများတားဆီးရေး အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်၍ ဆောင်ရန် ရှောင်ရန်နည်းလမ်းများအား အသိပေးလျက်ရှိပါသည်။

၄။  မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့်  နည်းပညာအသုံးပြု လိမ်လည်ခြင်းများကြောင့် ဆုံးရှုံးမှုမရှိစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ခွင့်ပြုထားသည့် မိုဘိုင်းငွေကြေးလုပ်ငန်းများ ကိုသာ အသုံးပြုကြပါရန် ၊  ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိမှတ်ပြု မှတ်ပုံတင် ထားသည့် SIM Card များကိုသာ အသုံးပြုကြပါရန်နှင့် အောက်ပါအချက်များကို မပြုလုပ်ကြပါရန်  တိုက်တွန်းအပ်ပါသည်-
(က)   မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန်နှင့် အများ ပြည်သူကြည့်ရှုနိုင်သည့်နေရာများတွင် ဖော်ပြခြင်းမပြုရန်(ဥပမာ၊ Social Media များ)
(ခ)    မိမိ၏ OTP Code နှင့် လုံခြုံရေးနံပတ် (Password) များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊    
(ဂ)    မသမာသူများမှ မိမိ၏ကိုယ်ရေးအချက်အလက်များအား ရယူရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း၊ လင့် (Link) များ ပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေးခြင်းများ လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊    
(ဃ)  လိမ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ (Call Centre) သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်၊

၅။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေပေးချေဝန်ဆောင်မှုလုပ်ငန်းများ စနစ် တကျရှိစေရေးနှင့် ဆုံးရှုံးနိုင်ခြေကာကွယ်နိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိ ပါ သည်။ ထို့အပြင် နိုင်ငံတော်အစိုးရ ကဖွဲ့စည်းပေးထားသည့်  မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ စောင့်ကြည့်ထိန်းကျောင်းခြင်းအပြင် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအား အသုံးပြုပြီးလိမ်လည်မှုဖြစ်ပွားပါက လိမ်လည်ခံရသူများမှတိုင်ကြားနိုင်ရေးစံလုပ်ငန်း စဉ်( SOP ) ကိုလည်း ထုတ်ပြန်ထားပါသည်။  သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ် (Password) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်း ဖြင့် ရရှိခြင်းကြောင့်ဖြစ်ပွားသည့်  လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိပါသည်။ တာဝန်ရှိသူများအနေဖြင့် လိမ်လည်မှု ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလည်း ပူးပေါင်း စိစစ်ဖော်ထုတ်လျက်ရှိပြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါ သည်။

                                                   မြန်မာနိုင်ငံတော်ဗဟိုဘဏ်
                                                                                                                                                                                                                     (၃၁-၁၂-၂၀၂၄)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် မူရင်းကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။

 

 

 

03 Jan 2025